အခန်း ၃၅၈

212 23 2
                                    

Sir Donau ညွှန်ပြတဲ့ တောင်ကုန်းက Sitrin ရဲ့ နယ်နမိတ်အပြင်ဘက်မှာ ရှိနေတာဖြစ်သည်. Sir Donau က Poliana ကို ပြောလိုက်သည်.

"အာ. ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ? ကျွန်တော်တို့က ပြစ်မှုကျူးလွန်နေတာမှ မဟုတ်တာ"

"ဒါပေမဲ့ အဲ့နယ်မြေပိုင်ရှင်က ရုတ်တရက်ပေါ်လာရင် ဘယ်လိုလုပ်မလဲ? ငါ့မှာ နယ်မြေအကောင်းကြီး ရှိနေတာကို သူများနယ်မြေထဲမှာ ထမင်းသွားစားနေတာက ရှက်စရာကောင်းနေမှာပေါ့"

"အစ်မကိုယ်အစ်မ ပြန်ကြည့်ဦး. ဘယ်သူကမှ အစ်မကို Marquess Winter လို့ ထင်မှာ မဟုတ်ဘူး"

"ဟမ်.. နင် အဲ့လိုထင်လား?"

Poliana က နားယောင်သွားသည်. သူတို့က ပျော်ပွဲစားထွက်လာတာဆိုတော့ ဒီလိုလှပတဲ့ ရှုခင်းမျိုးနဲ့ ထမင်းစားရရင် ကောင်းမှာပဲမလား? သူတို့လုပ်ဖို့လိုတာက နယ်နိမိတ်ခြားထားတဲ့ စမ်းချောင်းလေးကို ဖြတ်ကူးဖို့သာ ဖြစ်သည်.

ရေထဲမဖြတ်ကူးခင်မှာ Poliana က သူမလက်နက်တွေကို ဖယ်ကာ ဝှက်ထားလိုက်သည်. တကယ်လို့ တစ်ယောက်ယောက်က သူမကို လက်နက်တွေနဲ့ မြင်ရင် အံ့ဩသွားမယ်လိမ့်မယ်လို့ Poliana ထင်လိုက်သည်.

'Donau မှာ သူ့ဓါးပါတာပဲဆိုတော့ ငါတို့ အဆင်ပြေလောက်မှာပါ'

Poliana က စမ်းချောင်းကို အလွယ်တကူပဲ ဖြတ်ကူးလိုက်သည်. တခြားသူတစ်ယောက်ရဲ့ နယ်မြေထဲ ဝင်ရောက်မိတာကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပေမဲ့ သူမက အလျင်အမြန်ပဲ ဖြတ်ကူးလိုက်သည်. တောင်ကုန်းလေးပေါ် တက်လိုက်ပြီး သူတို့ နေ့လည်စာတွေကို ပြင်လိုက်သည်. Sir Donau က သူ့ရေဘူးထဲ ရေဖြည့်ဖို့ လိုနေပြီလို့ အကြောင်းပြကာ စမ်းချောင်းဘက်ကို ပြန်ထွက်သွားသည်.

တစ်ယောက်တည်း ထိုင်နေရင်း Poliana က စဉ်းစားနေသည်.

'နင် မသန့်တဲ့ရေတွေ သောက်မိရင် ရောဂါဖြစ်လိမ့်မယ်.'

စမ်းချောင်းရေက ဘယ်လောက်ထိ သန့်စင်နိုင်လဲဆိုတာကို သူမ တွေးကြည့်နေမိသည်. သူမခေါင်းထဲမှာ သူမနယ်မြေရဲ့ မြေပုံကို ဖော်နေသည်. သူမက အာရုံစိုက်လွန်းနေတာကြောင့် တစ်ယောက်ယောက်က သူမကို ခေါ်နေတာကို မကြားလိုက်မိပေ. အဲ့လူက သူမကို အနောက်ကနေ ထပ်ခေါ်နေသည်.

Emperor and the Knightness (Unicode) Book - 2Donde viven las historias. Descúbrelo ahora