အခန်း ၃၆၁

295 28 1
                                    

အလုပ်များတဲ့နေ့တစ်နေ့ ပြီးဆုံးသွားချိန်မှာတော့ Poliana က အိမ်ပြန်လိုက်ပြီး ကလေးတွေက သူမကို ဆီးကြိုကာ နှုတ်ဆက်ကြသည်.

"Poli~!"

"Mother!"

Poliana က မင်းသမီးလေး Luminae နဲ့ Gerald တို့ကို လက်တစ်ဘက်စီနဲ့ ပွေ့ချီလိုက်သည်. သူတို့နှစ်ယောက်လုံးက ကြီးထွားလာတာကြောင့် Poliana က သူတို့ကို ခဏလေးသာ ချီနိုင်ပေမဲ့ ကလေးတွေကတော့ ပျော်ရွှင်စွာနဲ့ ရယ်မောနေကြသည်. မင်းသမီး Luminae က သူမသွားလေရာ နေရာအနှံ့ကနေ ကောက်လာတဲ့ ပစ္စည်းတွေကို အိတ်တစ်လုံးထဲထည့်ကာ လွယ်ထားတာကြောင့် သူမက Gerald ထက် ပိုပြီး အလေးချိန်စီးနေသည်. Gerald ကတော့ မိချောင်းသားရေကို ခြုံထားသည်.

Poliana က သူမသားကို ပြောလိုက်သည်.

"Gerald Winter, ဒီသားရေ ကြောင့် မင်းအဖေလန့်သွားမယ်ဆိုတာ သိတယ်မလား? အခုချက်ချင်းချွတ်လိုက်!"

"အမေ, ကျွန်တော်က ကြီးလာရင် မင်းသမီးရဲ့ မိချောင်းခွေးဖြစ်လာမှာ! woof woof!"

Gerald က ခွေးတစ်ကောင်လိုမျိုး အော်ကာ ပတ်ပြေးနေသည်. Poliana နဲ့ အကူတွေက သူ့ကို ဖမ်းဆီးကာ ရပ်ခိုင်းလိုက်တော့ သူက‌ တွေဝေသွားသည်. ထီးနန်းလျာဖြစ်တဲ့ မင်းသမီး Luminae က ခေါင်းမူလာဟန်နဲ့ သူမနဖူးကို ပွတ်ကာ Poliana ကို ပြောလိုက်သည်.

"သူက ဒီနေ့တစ်နေ့လုံး ဒီလိုပဲဖြစ်နေတာ. ဟေး Gerry နင် ရပ်လိုက်တော့"

"ဟုတ်ကဲ့ပါ မင်းသမီးလေး! Woof woof!"

"တွေ့လား?"

မင်းသမီး Luminae က သူမ တားမရတော့တဲ့ပုံစံမျိုးနဲ့ ခေါင်းရမ်းကာ Poliana ကို ပြောလိုက်သည်. သူမခင်ပွန်းက တွားသွားကောင်တွေကို မုန်းတီးတယ်ဆိုတာကို သိနေတဲ့အတွက် Poliana က ဧကရာဇ် အိမ်ပြန်မရောက်ခင်မှာ ဒီမိချောင်းသားရေကို အမြန်ရှင်းဖို့ ဆုံးဖြတ်လိုက်သည်.

မင်းသမီး Luminae က သက်ပြင်းချလိုက်သည်.

"Duke Seki က ဒီနေ့ရောက်လာပြီးတော့ Gerry ဓါးရေးလေ့ကျင့်နေတာကို ကြည့်သွားတယ်လေ. အဲ့ထဲက Gerry က ဒီလိုဖြစ်သွားတာ"

"Duke Seki လာသွားတယ်?"

"ဟုတ်တယ်. Sir Mahogal က သူ့ကို လာခိုင်းတာတဲ့"

Emperor and the Knightness (Unicode) Book - 2Hikayelerin yaşadığı yer. Şimdi keşfedin