အခန်း ၂၉၄

289 34 0
                                    

Poliana က စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်လာသည်. သူမက အံကြိတ်ကာ သူမသားကို ကြည့်လိုက်သည်.

'မင်းက ဘာလို့ မင်းအဖေနဲ့ ဒီလောက်ထိတူနေရတာလဲ? ဘာလို့လဲ? အရှင့်ကို လက်ထပ်ခွင့်တောင်းဖို့က လွဲပြီးတော့ ရွေးစရာမရှိတော့ဘူးလား? ငါ ကြိုးစားတည်ဆောက်ခဲ့ရတာတွေကို လက်လွှတ်လိုက် ရတော့မှာလား?'

သူမရဲ့ အံကြိတ်ကာ ပြောနေတဲ့လေသံက ကြောက်စရာကောင်းနေသည်. တကယ်လို့ သူမကလေးကိုသာ ချီမထားဘူးဆိုရင် Poliana က အခုအချိန်မှာ နံရံကို လက်သီးနဲ့ ထိုးနေလောက်ပြီ ဖြစ်သည်.

ဒီလိုလုပ်တာက မှားယွင်းနေတယ်ဆိုတာသိပေမဲ့ Poliana က သူမသားကို လျှို့ဝှက်ထားချင်သည်. သူမရဲ့မူလအစီအစဉ်အရ, ကလေးက Lucius နဲ့ မတူခဲ့ဘူးဆိုရင် ဒီကလေးကို ဖခင်မရှိတဲ့ကလေးအဖြစ် ကြီးပြင်းစေမှာဖြစ်သည်. ဧကရာဇ်ရဲ့သားဦးကို လျှို့ဝှက်ထားတာက ကြောက်စရာကောင်းတယ် ဆိုတာသိပေမဲ့ Lucius က ငယ်ရွယ်နေဆဲဖြစ်သည်. သူက ထပ်ပြီးတော့ လက်ထပ်ကာ သားတွေ အများကြီးမွေးနိုင်တာကြောင့် သူ့ရဲ့သားဦးက တရားမဝင်ကလေးဖြစ်နေပြီးတော့ အမွေဆက်ခံသူ မဖြစ်ရင်ရော ဘာဖြစ်မှာလဲ?

ဒါက သူမရဲ့ မူလအစီအစဉ်ရဲ့ နောက်ကွယ်က အကြောင်းပြချက်ဖြစ်သည်. ဒါက မသင့်တော်တဲ့ဆင်ခြေ ဖြစ်ပေမဲ့ Poliana က ဝန်မခံချင်ပေ.

မွေးကင်းစကလေးရှိနေတာကြောင့် နို့ထိန်း, ကလေးထိန်း, သမားတော်နဲ့ အကူတွေသာ သီးသန့်စံအိမ်ကို ဝင်ထွက်ရှိနေသည်. အကူခေါင်းဆောင်က အလုပ်သမားတွေဆီက ဂုဏ်ပြုစကားကို Poliana ကို တဆင့် ပြောပြခဲ့သည်.

သူမ သိတဲ့ Sitrin မှာနေတဲ့လူအများစုက Lucius က ဘယ်လိုပုံစံရှိလဲ ဆိုတာကို သိနေကြသည်. ဧကရာဇ်က ဒီတိုင်းပြည်ရဲ့အခန့်ညားဆုံးအမျိုးသားဖြစ်တယ်ဆိုတာကို သူတို့အားလုံးက သိထားကြသည်. အကူခေါင်းဆောင်ကတော့ ဧကရာဇ်ရဲ့မျက်နှာသွင်ပြင်က ဘယ်လိုရှိတယ်ဆိုတာကို သိနေပေမဲ့ သူမက စကားတစ်ခွန်းမှ မပြောခဲ့ပေ. သူမက ကလေးကို ချစ်ခင်နှစ်သက်စွာနဲ့ အနီးကပ်ကြည့်ရှုခဲ့တာပဲရှိသည်. အကူခေါင်းဆောင်က သူမရဲ့လျှို့ဝှက်ချက်ကို ထိန်းပေးထားနိုင်မယ်ဆိုတာကို Poliana က ယုံကြည်နေသည်.

Emperor and the Knightness (Unicode) Book - 2Où les histoires vivent. Découvrez maintenant