အခန်း ၃၁၀

271 30 1
                                    

Poliana က ခေါင်းငြိမ့်လိုက်သည်.

"အေးလေ, ဟုတ်နေတာပဲကို"

Sir Donau က ရုတ်တရက် မတ်တပ်ရပ်ကာ စကားတစ်ခွန်းမှ မပြောပဲ အခန်းထဲကနေထွက်သွားသည်. Poliana က စားပွဲခုံကို မှီကာ သူမမောင်ကို စောင့်နေလိုက်သည်.

'ငါသောက်ဖို့ တစ်ခုခုသွားယူတာလား? ဒါပေမဲ့ ငါမှ အရက်မသောက်တော့တာ...'

Sir Donau က တစ်ခုခုသွားယူတာလို့ Poliana က ယူဆခဲ့ပြီး သူမ ယူဆချက်က မှန်ခဲ့သည်. သူက လက်အိတ်တစ်စုံကို ယူလာကာ Poliana ရဲ့ ကျောကို ပစ်ပေါက်လိုက်သည်. သူက အားနဲ့ ပစ်ပေါက် လိုက်တာကြောင့် အသံအကျယ်ကြီးထွက်လာသည်.

"Arghh! ဒါဘာလဲ?!"

Poliana က အော်ဟစ်ကာ မတ်တပ်ရပ်လိုက်သည်. သူမ လှည့်ကြည့်လိုက်တော့ Donau က သူမကို အေးစက်စွာနဲ့ကြည့်နေကာ ပြောလာသည်.

"ခင်ဗျားက ကျွန်တော်ချစ်တဲ့သူတွေကို စော်ကားခဲ့တယ် Sir Pol. Duke Ribo ရဲ့ ဒုတိယသားအနေနဲ့ Marquess Poliana Winter ကို စိန်ခေါ်တယ်"

"မင်း ချစ်တဲ့သူတွေ?"

"ဟုတ်တယ်. ခင်ဗျားက ကျွန်တော့်အစ်မနဲ့ ကျွန်တော့်ရဲ့ဧကရာဇ်ကို စော်ကားပြောဆိုခဲ့တယ်. ကျွန်တော်က သူတို့ရဲ့ဂုဏ်သိက္ခာအတွက် ခင်ဗျားကို စိန်ခေါ်မယ်"

Poliana က တွေဝေသွားကာ အံ့ဩသွားသည်. Donau ချစ်ရတဲ့သူတွေ... သူ့ဧကရာဇ်နဲ့ သူ့အစ်မက Lucius နဲ့ Poliana ကိုယ်တိုင် ဖြစ်သည်. ဧကရာဇ်ကို လူလိမ်လို့ ခေါ်တာက Lucius ကို စော်ကားတယ်လို့ ပြောလို့ရပေမဲ့ သူမကရော? သူမကို မိန်းမတစ်ယောက်အဖြစ် မြင်ပြီးတော့ သဘောကျတဲ့သူမရှိဘူးလို့ ပြောခဲ့မိလို့လား?

ဒါပေမဲ့ ဒါက မတရားဘူးလေ! သူမကိုယ်သူမ ပြောဆိုမိတာနဲ့ပဲ သူမက ဘာလို့ အပြစ်ပေးခံရမှာလဲ?

Poliana က ကြမ်းပြင်ပေါ်ကျနေတဲ့ လက်အိတ်တွေကို ကောက်ဖို့ လုပ်လိုက်တော့ Sir Donau က လက်အိတ်တွေကို အမြန်ကောက်ယူလိုက်သည်. Poliana က ကလေးမွေးထားတယ်ဆိုတာကို Donau က မမေ့လျော့ခဲ့ပေ. သူမက လူနာဖြစ်တာကြောင့် စိတ်မြန်လက်မြန်မလှုပ်ရှားသင့်ပေ. ဒါပေမဲ့ Poliana က သမားတော်တွေစကားကို ဘယ်တော့မှ နားမထောင်ခဲ့ပေ. သူမက စိန်ခေါ်မှုကို စိတ်ပါလက်ပါ လက်ခံခဲ့သည်.

Emperor and the Knightness (Unicode) Book - 2Onde histórias criam vida. Descubra agora