အခန်း ၂၆၃

303 40 3
                                    

Poliana က ဒေါသတကြီးပြောလာသည်.

"ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ဘူးးးးး!"

"ဟုတ်တာပေါ့. မင်း မမှားခဲ့ဘူး. Sir Pol, မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး. တကယ်လို့ တစ်ယောက်ယောက် လျှောက်ပြောလာရင် ငါသူ့ကို သတ်လိုက်မယ်!"

Lucius ရဲ့ ပုံစံက အာဏာရှင်တစ်ယောက်နဲ့ တူသွားပေမဲ့ သူ ဂရုမစိုက်ပေ. သူက အာဏာရှင် မဖြစ်လာစေရဘူးလို့ ကျိန်ဆိုခဲ့ပေမဲ့ ဒီအခိုက်အတန့်မှာတော့ Poliana ကို နာကျင်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို သူက သတ်ပစ်နိုင်သည်.

"ကျွန်မက မိသားစုတစ်ခု လိုချင်ခဲ့တာ!! ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ဘူး!"

"ဟုတ်တယ် Pol. မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး"

Poliana က သူမခွက်ကို ထပ်ဖြည့်လိုက်သည်. Lucius က သူမသောက်နိုင်တာထက်ိပုနေပြီလို့ ထင်လိုက်တာကြောင့် သူမကို ရပ်တန့်ဖို့ စဉ်းစားလိုက်ပေမဲ့ သူမကို သောက်ခွင့်ပြုလိုက်သည်. တကယ်လို့ အခုအချိန်မှာ သူမကို မသောက်ခိုင်းတော့ရင် သူမက ပိုပြီးတော့ သည်းသည်းထန်ထန်ငိုလာလိမ့်မယ်လို့ သူထင်လိုက်သည်.

'သိပ်မကြာခင် သူမ ပင်ပန်းပြီးတော့ အိပ်ပျော်သွားမှာ သေချာတယ်'

သူမ အိပ်ပျော်သွားတာက အကောင်းဆုံးဖြစ်လိမ့်မည်. Lucius က စိတ်ရှည်လက်ရှည်နဲ့ သူမပြောတာကို နားထောင်နေလိုက်သည်.

"ကျွန်မ ကလေးးတွေလဲ လိုချင်တယ်!!!"

"ဒါပေါ့, ဒါပေါ့ မင်းလက်ထပ်လိုက်မှတော့ မင်း ကလေးလဲလိုချင်မှာပေါ့"

ဧကရာဇ်က ငိုချင်လာသည်. Poliana ရာသီပြန်လာနေမှန်း သူ မသိခဲ့ပေ. သူမက ကလေးမရနိုင်တဲ့သူလို့ သူက ထင်နေဆဲဖြစ်ပြီး Poliana က Frau နဲ့ ကလေးယူဖို့ မျှော်လင့်နေတဲ့အတွက် သူက ဘာပြောရမလဲ မသိတော့ပေ. အရင်တုန်းကတော့ သူမက ပြုံးကာ သူမ ကလေးမရလဲ ဂရုမစိုက်ဘူးလို့ ပြောလာမှာ ဖြစ်သည်. Poliana က သူ့ကလေးကို မွေးပေးဖို့အထိ Frau ကို သဘောကျခဲ့မှန်း Lucius သိလိုက်သည်

"ကျွန်မ သူ့ကို သဘောကျခဲ့တာ!!!"

ဧကရာဇ်က စိတ်ရှုပ်သွားကာ ကျယ်လောင်စွာနဲ့ ဆဲဆိုလိုက်သည်.

Emperor and the Knightness (Unicode) Book - 2Donde viven las historias. Descúbrelo ahora