အခန်း ၂၁၁

263 29 0
                                    

သူမအနေနဲ့ ယောက်ျားကောင်းတစ်ယောက်ရှာတွေခဲ့ရင် လက်ထပ်လိုက်သင့်တယ်လို့ Lucius က Poliana ကို အကြိမ်များစွာပြောဖူးခဲ့သည်. သူမရဲ့လက်ထပ်ပွဲကို ဧကရာဇ်က ငြင်းဆန်လိမ့်မယ်လို့ Poliana မစဉ်းစားခဲ့ဖူးပေ. သူမက တွေဝေသွားပုံရတော့ Lady Stra က ရှင်းပြလိုက်သည်.

"Marquess Winter, ရှင်က ဧကရာဇ်နဲ့အရမ်းရင်းနှီးတယ်မလား? ဒါကြောင့် ရှင့်ထက်အဆင့်နိမ့်တဲ့သူနဲ့ လက်ထပ်ဖို့က...ဘာပြဿနာဖြစ်လာနိုင်လဲဆိုတော့..."

"အော်. အဲ့တာက ပြဿနာမဟုတ်ပါဘူး Lady Stra. အရှင်က ဒီလိုကိစ္စတွေနဲ့ပတ်သက်ရင် အရမ်းတွေးခေါ်ပေးတတ်တာလေ. ငါက သစ္စာဖောက်တစ်ယောက်, ဒါမှမဟုတ် အရူးတစ်ယောက် ပြီးတော့ မိသားစုထဲမှာ မျိုးရိုးလိုက်တဲ့ရောဂါရှိတဲ့သူတစ်ယောက်ကို လက်ထပ်တာမဟုတ်ရင် အဆင်ပြေလောက်မယ်ထင်တယ်"

Lucius က သူမနဲ့ Frau ကို လက်ထပ်ခွင့်ပေးမယ်လို့ Poliana က သေချာပေါက်တွေးထားသည်. ပြီးတော့ Cekel ဆိုရင် Sir Ainno ထက် သိသိသာသာအဆင့်နိမ့်ကျတာဖြစ်ပေမဲ့ ဧကရာဇ်က Sir Ainno ကိုတောင် ခွင့်ပြုပေးထားသည်. သူမအနေနဲ့ Frau Sneke ကို လက်ထပ်ဖို့အတွက် ဧကရာဇ်က ဆန့်ကျင်ရလောက်တဲ့ အကြောင်းပြချက်ကို သူမ မစဉ်းစားတတ်ပေ.

Lady Stra က ရေရွတ်နေသည်.

"အို.. ကျွန်မစိတ်ထင်... အဲ့တာက... အင်း... ဒါပေမဲ့.. ကျွန်မထင်တာက.."

Stra က သူမအတွေးထဲ နစ်မြောသွားဟန်ပေါ်နေတုန်းမှာ. Lady Tory က Poliana ကို ပြောလိုက်သည်.

"Marquess, ဒီကိစ္စကို သေချာစဉ်းစားဖို့လိုတယ်. Yapa နဲ့ Acreia မှာနေတဲ့ အမျိုးသားတွေကိုပဲ ကြည့်မယ်ဆိုရင်တော့ ရှင့်အတွက် သင့်လျော်တဲ့အမျိုးသားကို ရှာတွေ့ဖို့ ခက်လောက်ပေမဲ့ တောင်ပိုင်းမှာဆိုရင် ရှင့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ယောက်ျားတစ်ယောက်ရှာတွေ့နိုင်မယ်ဆိုတာ သေချာတယ်. ပြီးတော့ အဲ့မှာ Frau Sneke ထက် အခြေအနေကောင်းတဲ့ ယောက်ျားတွေလဲ ရှိမှာ သေချာတယ်. တကယ်လို့ သူတို့မိသားစုနာမည်ကို ရှင့်မိသားစုနာမည်ပြောင်းဖို့အတွက် ဆန္ဒရှိတဲ့ ယောက်ျားမျိုးကို ရှာနေတာဆိုရင်တော့ တောင်ပိုင်းဒေသက တိုင်းပြည်တွေမှာ ဒီလိုအလေ့အထကို အသားကျနေတဲ့. တိုင်းပြည်တွေအများကြီးရှိတယ်. ဒါကြောင့်"

Emperor and the Knightness (Unicode) Book - 2Tempat cerita menjadi hidup. Temukan sekarang