အခန်း ၃၅၅

223 25 4
                                    

ကမ္ဘာကြီးကို သိမ်းပိုက်မယ်လို့ ကြွေးကြော်ခဲ့တုန်းက ဘုရင်ငယ်လေးရဲ့ ပုံရိပ်ကို Sir Ainno က Lucius ဆီမှာ တွေ့မြင်နေရသည်. တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်တယ်လို့ သေချာနေတဲ့ ဧကရာဇ်အလောင်းအလျာလေး...


အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ Sir Ainno က သက်ပြင်းချကာ ပြန်ဖြေလိုက်သည်.

'Marquess Winter အပေါ် အကြွေးတင်နေတာ ရှိတယ်.. ငါ့စိတ်ထင် အခုကိစ္စနဲ့ဆို ကျေပြီထင်တယ်'

Sir Ainno က ဓါးကိုင်ထားတဲ့ လက်ကို ဖယ်လိုက်တော့ Lucius က သက်ပြင်းခိုးချလိုက်သည်. အခု သူက အချစ်အတွက် သူ့အသက်ကိုရင်းခဲ့တာဖြစ်ပြီး ကြည့်ရတာ သူက ဒီအန္တာရယ်များတဲ့ အလောင်းအစားမှာ အနိုင်ရလိုက်ပုံရသည်. ချွေးသီးချွေးပေါက်ကျနေတဲ့ ဧကရာဇ်ရဲ့ အခြေအနေကို သတိထားမိပုံမရတဲ့ Sir Ainno က သူ့အရှေ့မှာ ဒူးထောက်လိုက်သည်.

"အရှင်.. ကျွန်တော် အရှင့်ရဲ့ Inno က လိုအပ်မယ်ဆိုရင် အရှင်နဲ့အတူ ငရဲအထိ သွားမှာပါ!"

ဧကရာဇ်က အာဏာရှင်ဖြစ်လာတော့မှာတောင် Sir Ainno က Lucius ဘက်မှာ ရပ်တည်နေသည်. ဒီအခန်းထဲမှာ ဓါးထိုးခံရကာ မသေတော့ဘူးလို့ သတိပြုမိသွားတဲ့ ဧကရာဇ်ကတော့ စိတ်သက်သာရာရသွားသည်.

Lucius က တခြားသူတွေကို ထပ်ပြောလိုက်သည်.

"ထွက်ပြေးချင်တဲ့သူရှိရင် အခုပြေးလို့ရသေးတယ်နော်. မင်းတို့အားလုံးက ငါ့ကို အတူတူဆန့်ကျင်မယ်ဆိုရင်တော့ မင်းတို့ ပုန်ကန်တာ အောင်မြင်ကောင်း အောင်မြင်နိုင်တယ်. အနည်းဆုံးတော့ မင်းတို့ ကြိုးစားချင်တယ်ဆိုရင် ကြိုးစားကြည့်ပေါ့"

ဧကရာဇ်က အလေးအနက်မရှိတဲ့ ပုံစံမျိုးနဲ့ ပြောဆိုလိုက်ပေမဲ့ အခန်းထဲကလူတွေကတော့ ကြက်သီးထကာ တုန်ယင်သွားကြသည်. Lucius က သူ့အစီအစဉ်နဲ့ပတ်သက်ပြီး အလေးအနက်ဖြစ်နေမှန်း သိသာနေသည်. တင်းမာတဲ့ဖိအားတွေကို ခံနိုင်ရည်မရှိတော့တဲ့ Duke Luzo က လက်လျော့လိုက်သည်. ဒီကိစ္စတွေ အားလုံးမပြီးခင်မှာတင် သူ့ခေါင်းမှာကျန်နေတဲ့ ဆံပင်တွေ အကုန်ကျွတ်သွားမှာကို သူသိနေသည်.

Emperor and the Knightness (Unicode) Book - 2Where stories live. Discover now