အခန်း ၂၄၉

225 31 0
                                    

Poliana က သူမအင်္ကျီပြန်ဝတ်ကာ မတ်တပ်ရပ်လိုက်သည်. ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ Frau က တုန်ယင်နေတာ ရပ်သွားပြီးတော့ Lucius ကတော့ ပြုံးလိုက်သည်. သူက နောက်တလှမ်းဆုတ်ပြီးသား ဖြစ်ပြီး အခု သူ မပြုံးနိုင်တော့ဘူးဆိုရင် သူက ဒီတကြိမ်မှာ လုံးဝရှုံးနိမ့်သွားတယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားနိုင်သည်.

သူလမ်းလျှောက်ဝင်လာခဲ့တဲ့အချိန်မှာ သူက Frau ကို လုံးဝသတိမထားမိပေ. သူ့မျက်လုံးတွေထဲမှာ သူချစ်တဲ့အမျိုးသမီးရဲ့ ပုံရိပ်တွေနဲ့ပဲ ပြည့်နှက်နေတာဖြစ်သည်. Poliana က ပြုံးပျော်နေသည်. သူမကို ကြည့်ရတာ အပျော်လွန်နေတဲ့ ပုံစံမျိုးမဟုတ်ပေမဲ့ သူမက ပျော်ရွှင်ကျေနပ်နေမှန်းတော့ သိသာနေသည်.

သူမရဲ့အပြုံးကြောင့် Sir Donau က သူမကို ချစ်မိခဲ့တာဖြစ်ပြီး. ဒီအပြုံးတွေက ဧကရာဇ်အပေါ်မှာလဲ ထိရောက်မှုရှိခဲ့သည်. ဧကရာဇ်က လန်းဆန်းနေပုံမရတော့တဲ့ ပန်းတွေကို သူမကို ပေးလိုက်သည်. ညှိုးနွမ်းသွားတာတွေက ပန်းတွေပဲလား ဒါမှမဟုတ် အဲ့တာက Lucius ရဲ့ ယုံကြည်ချက်တွေလား?

"မင်းကြည့်ရတာ ပျော်နေပုံပဲ Sir Pol"

"အို. ဟုတ်လား? ဟမ်... ဟုတ်မယ်ထင်တယ်.. ဟားဟားဟား"

".. ဟုတ်တယ်. မင်း ကြည့်ကောင်းနေတယ်. မင်းရဲ့လက်ထပ်ပွဲအတွက် ငါထင်ထားတာထက် မင်းက ပိုပျော်နေသလိုပဲ"

"ဟားဟားဟား"

Poliana က ပန်းတွေကို နမ်းရှိုက်လိုက်သည်. ဒါက သူမဘဝရဲ့အပြောင်းအလဲတစ်ခု ဖြစ်သည်. Lucius က သူ့ရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ဖုံးလိုက်ကာ သူမအတွက် ပြုံးလိုက်သည်.

"ကောင်းပြီ.. အဲ့တာပါပဲ. မင်းပျော်နေသရွေ့ ငါလဲ ပျော်တယ် Sir Pol. ကဲ.. နားလိုက်ဦး"

ဧကရာဇ်က အခန်းအပြင်ဘက်ကို လျှောက်သွားသည်. Frau က Poliana ကို မေးလိုက်သည်.

"ခင်ဗျား အရှင့်ကို ခဏလောက်ထပ်နေဖို့ မပြောသင့်ဘူးလား?"

"အင်း... ကြည့်ရတာ ငါဆူမှာစိုးလို့ အမြန်ပြေးသွားတာထင်တယ်. သူက စိတ်ရောလူရော ပင်ပန်းနေတာ ဆိုတော့ ငါ သူ့ကို လွှတ်ပေးလိုက်တော့မယ်"

Emperor and the Knightness (Unicode) Book - 2Dove le storie prendono vita. Scoprilo ora