Sir Ainno နဲ့ Cekel တို့ရဲ့ အခြေအနေတွေက ကောင်းမွန်နေတယ်လို့ ကောလဟာလတွေ ထွက်နေသည်. သူတို့က မကြာခဏစကားပြောခွင့်ရနေတာကြောင့် ပိုပြီးရင်းနှီးလာသည်. Sir Ainno နဲ့ Cekel, Poliana နဲ့ Frau တို့ လက်ထပ်ပွဲနှစ်ခုလုံးက မတူညီတဲ့ အဆင့်အတန်းက လူတွေပါဝင်နေတာဖြစ်သည်. ဒါပေမဲ့ လူတွေက Sir Ainno နဲ့ Cekel တို့ရဲ့ ပေါင်းစည်းခြင်းကိုတော့ စိတ်ကူးယဉ်ဆန်တဲ့ချစ်ခြင်းအဖြစ် မြင်နေကြပြီး Poliana ရဲ့ လက်ထပ်ပွဲကိုတော့ ဟာသအဖြစ် ပြောဆိုနေကြသည်. အထူးသဖြင့် အမျိုးသမီးတွေက Sir Ainno ရဲ့လက်ထပ်ပွဲကို စိတ်ကူးယဉ်ဆန်စွာ ပြောဆိုနေကြသည်.
Sir Ainno ရဲ့ မိဘတွေဖြစ်တဲ့ Duke နဲ့ Duchess Seki တို့က သူတို့ရဲ့ သားအကြီးအပေါ်ကို မလွှမ်းမိုးနိုင်တာကြောင့် သူတို့က ဘယ်လိုမှတ်ချက်မျိုးမှ မပေးခဲ့ပေ. သူတို့က လက်ထပ်ပွဲကို စကားတစ်ခွန်းမှ မဆိုပဲ အသိအမှတ်ပြုပေးခဲ့ကာ Cekel ရဲ့ မိဘတွေကလဲ အတူတူပဲဖြစ်သည်. ဒီတိုင်းပြည်က လူတိုင်းက သူတို့လက်ထပ်ပွဲကို ကောင်းချီးပေးခဲ့ကြသည်.
Lucius က စိတ်ရှုပ်စွာနဲ့ တွေးလိုက်သည်.
'သူက တော်တော်လေး အကျင့်မကောင်းတဲ့ကောင်ပဲ'
Sir Ainno ရဲ့လက်ရှိပျော်ရွှင်မှုတွေက Poliana ရဲ့ ပျော်ရွှင်မှုဖြစ်သင့်တာ. ဒါက သူမရဲ့ အချစ်ရေးကံသာ ဖြစ်ပြီး သူ့ဟာ မဟုတ်ပေ. ဒါက အယူသီးခြင်းတစ်ခုသာဖြစ်ပေမဲ့ ဧကရာဇ်က ဒါ့ကြောင့်သာ Poliana ရဲ့ အချစ်ရေးက အဆင်မပြေဖြစ်နေတာလို့ ခိုင်မာစွာ ယုံကြည်နေသည်. ဘာပဲပြောပြော Lucius က အယူသီးသူတစ်ဦးဖြစ်ပြီး Poliana ရဲ့ လက်ရှိအခြေအနေကလဲ အဆိုးဆုံးဖြစ်နေသည်. ဒီကမ္ဘာကြီးမှာ သင့်တော်တဲ့သူတွေအများကြီးရှိနေတာကို Poliana က ဒီလိုဆိုးသွမ်းတဲ့လူရဲ့ လိမ်ညာခြင်းကို ဘာလို့ခံနေရတာလဲ? သူပိုပြီးစဉ်းစားလေ. Lucius က ပိုပြီး ဒေါသထွက်လာလေ ဖြစ်နေသည်.
ဧကရာဇ်က Poliana အတွက် စိတ်မကောင်းဖြစ်သွားသည်. သူ့ရဲ့ဝမ်းနည်းမှုတွေက သူ့မျက်နှာပေါ်မှာ ပေါ်လာပြီးတော့ Poliana ကတော့ ဒါက သူ့ဇနီးသုံးယောက်ကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူ့ရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်တဲ့ Sir Ainno ကလဲ လုံးဝအကူအညီမရတာကြောင့် ဝမ်းနည်းနေတာလို့ ထင်သွားသည်. သူက ဧကရာဇ်ဖြစ်နေပေမဲ့လဲ အထီးကျန်ခြင်းကို ခံစားနိုင်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေသေးသည်. Poliana က သူ့ကို စာနာသွားကာ နောက်ဆုံးမှာတော့ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်.
![](https://img.wattpad.com/cover/257656820-288-k499546.jpg)
VOCÊ ESTÁ LENDO
Emperor and the Knightness (Unicode) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/