Lucius နဲ့ Poliana တို့ စကားပြောလို့ပြီးသွားပြီဆိုတာကို ကြားလိုက်တာနဲ့ Sir Ainno က ဧကရာဇ်ဆီကို သွားလိုက်သည်. အခန်းထဲကို ဝင်သွားပြီး Lucius ကို မြင်လိုက်တော့ ဧကရာဇ်က ပျော်ရွှင်နေပုံမရပေ. အခန်းက မှောင်မိုက်နေပြီး Lucuis ကလဲ ဝမ်းနည်းနေမှန်း သိသာနေသည်. Sir Ainno က ဘာကြောင့်လဲ ဆိုတာကို နားမလည်နိုင်တော့ပေ.
'သူတို့မှာ ကလေးလဲရှိနေပြီကို သူက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ?. သူမက သူ့ရဲ့လက်ထပ်ခွင့်ကို ငြင်းလိုက်လို့လား? တကယ်ကြီးလား?'
ကလေးကို ဖွက်ထားတဲ့အတွက် Poliana ကို ခွင့်လွှတ်ပေးဖို့နဲ့ သူမကို လက်ထပ်ခွင့်တောင်းလိုက်ဖို့သာ ဧကရာဇ်က လုပ်ဖို့လိုနေတာဖြစ်သည်. ဧကရာဇ်ကို ကြည့်ရတာတော့... အပြစ်ရှိနေတယ်လို့ ခံစားနေရပုံသာ ဖြစ်နေသည်. သူက နောင်တရနေတဲ့ပုံစံ ဖြစ်နေတာကြောင့် Sir Ainno က စိတ်ရှုပ်သွားဟန်နဲ့ မျက်မှောင်ကြုံ့သွားကာ ဒေါသထွက်လာသည်.
ဧကရာဇ်အပေါ် Sir Ainno ရဲ့ သစ္စာရှိမှုကို ဘယ်သူမှ မငြင်းဆန်နိုင်သလို Lucius ကို ချစ်တဲ့ လူတစ်ယောက် အနေနဲ့ Sir Ainno က သူ့ဧကရာဇ်ရဲ့ အမူအရာကြောင့် ဒေါသထွက်နေသည်. သူချစ်တဲ့အမျိုးသမီး တစ်ယောက်အတွက်ဆိုရင်တောင်မှ ဧကရာဇ်တစ်ပါးက ဘယ်တော့မှ မတောင်းပန်သင့်ပေ. သူက သူ့တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတာကို ဧကရာဇ်အနေနဲ့ ဘယ်တော့မှ မမေ့လျော့သင့်ပေ.
ဒေါသထွက်နေမှန်း သိသာနေတဲ့ Sir Ainno က နောက်လှည့်လိုက်သည်. သူ့ဧကရာဇ်ဆီမှာ ဒီလိုအမူအရာမျိုး ထပ်မဖြစ်လာအောင်လုပ်ဖို့က သူ့အလုပ်ဖြစ်ပြီး သူက ဒီအခြေအနေကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေသည်. သူက Poliana ဆီကို သွားကာ သူမကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ပြုလုပ်ခိုင်းမှာ ဖြစ်သည်.
"မသွားနဲ့"
သူ အခန်းထဲကနေ ထွက်မသွားခင်မှာပဲ Lucius က သူ့ကိုတားလိုက်သည်.
"အရှင်"
"အဲ့တာက ငါ့အမှားပါ"
"အရှင်က ဘာအမှားမှ မလုပ်ခဲ့ဘူး. အရှင်က ဧကရာဇ်တစ်ပါးလေ. အရှင်က ဒီတိုင်းပြည်ရဲ့အုပ်ချုပ်သူ. ဒါကြောင့် အရှင်က ဘာအမှားမှ မလုပ်ဘူးလို့ အဓိပ္ပါယ်ရတယ်. အရှင့်ကို ဝမ်းနည်းအောင် လုပ်တာက Marquess Winter ရဲ့ အမှားဆိုတော့ သူမကို အပြစ်ပေးရမယ်"
KAMU SEDANG MEMBACA
Emperor and the Knightness (Unicode) Book - 2
RomansaRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/