အခန်း ၂၆၄

312 36 3
                                    

"အအအအရှင်..... အရှင်က ဒီကမ္ဘာာာာကြီးမှာ.. အအအခန့်ညားဆုံးးးးးးယောက်ျားးးးးးးးပဲ"

Poliana က ချောမောလှပတဲ့သူတွေကို သဘောကျသည်! သူမက Lucius ကို မှီထားဆဲ ဖြစ်ပြီး သူမက သူ့ကို ပျော်ရွှင်စွာနဲ့ မော့ကြည့်လိုက်သည်. သူ့ကို ဒီလိုအနီးကပ်မြင်လိုက်ရတော့..... သူက တကယ့်ကိုပဲ အရမ်းကို ခန့်ညားတဲ့ယောက်ျားတစ်ယောက် ဖြစ်နေသည်.

သူက လှပပြီးတော့ ခန့်ညားသည်. ဒီလိုကျက်သရေရှိပြီးတင့်တယ်တဲ့ ဧကရာဇ်ဆီမှာ အမှုထမ်းရတာက ဂုဏ်ယူစရာကောင်းတဲ့ကိစ္စဖြစ်သည်. Lucius က ပြန်ဖြေလိုက်သည်.

"ဟုတ်တယ်! ငါက အရမ်းကြည့်ကောင်းတယ်! ငါက ဒီကမ္ဘာပေါ်မှာ အခန့်ညားဆုံး ယောက်ျား တစ်ယောက်ပဲ! ဒါဆို မင်းက ဘာလို့ ငါ့ကို ယောက်ျားတစ်ယောက်လို မမြင်ရတာလဲ? ငါက အရမ်းကြည့်ကောင်းနေလို့လား? ငါက အရမ်းခန့်ညားနေလို့ မင်းက မမြင်နိုင်တော့တာလား? ငါက မင်းထက်လှနေလို့ ငါ့ကို ယောက်ျားတစ်ယောက်လို မမြင်တာလား? ငါ့မျက်နှာမှာ အမာရွတ်တစ်ခုလောက် ရှိလာရင်တောင်မှပဲ ငါက ကြည့်ကောင်းနေဦးမှာ. ဒါက မင်းလက်ခံရမဲ့ အရာပဲ. Pol! ဒါက ကျိန်စာတစ်ခုပဲ, Sir Pol! ငါက ဘာလို့ဒီလောက်ခန့်ညားနေရတာလဲ? ငါ မင်းကိုချစ်မိသွားတဲ့နောက်ပိုင်း, ငါက ပိုပြီးတော့တောင် ခန့်ညားလာသေးတယ်. ဒါတွေအကုန်လုံး မင်းအမှားတွေပဲဆိုတော့ မင်းငါ့ကို တာဝန်ယူရမယ်! မင်း ငါ့ကို မင်းရဲ့လူအဖြစ် သိမ်းပိုက်ရမယ်!"

"ဟားဟားဟား... အရှင်က အရမ်းမိုက်တာပဲ! အရှင်. ကျွန်မ အရှင့်ကို အရမ်းသဘောကျတာပဲ. အရှင် ဘယ်သွားသွား ကျွန်မ အရှင့်နောက်ကိုလိုက်ခဲ့မယ်!"

"ငါ့ကို ချစ်ပါ Sir Pol. ငါ အမှားတစ်ခုလုပ်ခဲ့တယ်. အဲ့တာတွေအကုန် ငါ့အမှားတွေပဲ. ငါ မင်းကို ချစ်မိနေမှန်းသိလိုက်တည်းက ငါ့အချစ်တွေကို ဝန်ခံခဲ့သင့်တာ. ငါ ကြောက်လန့်ခဲ့တာ. မင်းကို ငါ့နောက်ကနေ လိုက်ဖို့ မပြောသင့်ခဲ့ဘူး. ငါ့ဘေးနားမှာ ရပ်ပေးဖို့ ပြောခဲ့ရမှာ. မင်းက ငါ့ဘေးနားမှာ ရှိနေရမှာ. မင်းကို ငါ့လူဖြစ်ပေးဖို့ ငါပြောခဲ့ရမှာ!"

Lucius က အရက်မူးကာ သူမအတွက် သူ့အချစ်တွေကို ဖွင့်ဟဝန်ခံနေတဲ့ ကောင်လေးတစ်ယောက်နဲ့ တူနေသည်. ကံမကောင်းစွာနဲ့ပဲ Poliana က အရက်အရမ်းမူးနေတာကြောင့် သူစကားပြောတာကို လုံးဝနားမထောင်နေခဲ့ပေ. သူမရဲ့ဧကရာဇ်က ဘယ်လောက်တောင်လှပနေတာလဲဆိုတာကို အံ့ဩတကြီးဖြစ်ကာ သူ့ကို စိုက်ကြည့်နေသည်. သူက အရမ်းခန့်ညားလွန်းတာကြောင့် သူမက သွားရည်တွေ ကျလာခဲ့သည်.

Emperor and the Knightness (Unicode) Book - 2Tempat cerita menjadi hidup. Temukan sekarang