အခန်း ၃၄၃

231 33 6
                                    

"Marquess, ကျေးဇူးပြုပြီးတော့ အသက်ကို ပုံမှန်အတိုင်းပဲ ရှူပါရှင်"

Poliana ကို သက်တောင့်သက်သာ မတ်တပ်ရပ်နေဖို့ Lady Siming က ပြောနေပေမဲ့လဲ Poliana က အသက်ရှူမအောင့်ပဲ မနေနိုင်ပေ. သူမက သူမတတ်နိုင်သလောက် အသက်ရှူအောင့်ထားတာကြောင့် Lady Siming က သက်ပြင်းချလိုက်သည်.

"Marquess Winter, ရှင်က အသက်ရှူမအောင့်ထားရင်တောင် ပိန်နေပြီးသားပါ"

"ဒါပေမဲ့ ငါအခုတလော အလေးချိန်တိုးလာတယ်. ငါ့ဗိုက်မှာ အဆီတွေတက်နေပြီ"

"မဟုတ်တာ. ရှင်က ပိန်တောင် ပိန်နေပါသေးတယ်. ဒီ့ထက်ပိုပြီး နည်းနည်းပိုဝလာရင်တောင် ပိုကောင်းဦးမယ်"

"မဖြစ်နိုင်တာ!"

Poliana က သူမခန္ဓာကိုယ်အချိုးအစားပြောင်းလဲသွားမှာ ကြောက်နေရတဲ့အကြောင်းအရင်းရှိသည်. နယ်မြေသိမ်းတိုက်ပွဲပြီးတဲ့နောက် ဧကရာဇ်လက်ဆောင်ပေးထားတဲ့.. ရွှေရောင် ချပ်ဝတ်တန်ဆာက သူမရဲ့ မာနနဲ့ ပျော်ရွှင်မှုဖြစ်သည်. စစ်သည်တစ်ယောက်အနေနဲ့ ကိုယ့်အတွက် အထူးသီးသန့်ချုပ်လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာကို ဧကရာဇ်ဆီကနေလက်ခံရရှိတာထက်ပြီး ဂုဏ်ယူရမဲ့ကိစ္စမျိုး မရှိနိုင်တော့ပေ.

ပုံမှန်ဆိုရင်တော့ ချပ်ဝတ်တန်ဆာက အပေါ်ရုံအင်္ကျီအောက်ကနေ ထပ်ဝတ်ရတာဖြစ်တာကြောင့် ကိုယ်အလေးချိန်ထပ်တိုးလာလို့ မရပေ. ကံမကောင်းစွာနဲ့ အမျိုးသမီးတွေအတွက် ချပ်ဝတ်တန်ဆာကို ကျွမ်းကျင်စွာ ချုပ်လုပ်နိုင်တဲ့သူက အများကြီး မရှိပေ. ဒါ့အပြင် Poliana ရဲ့ ချပ်ဝတ်က လှပသေးငယ်ပြီး ကျက်သရေရှိသည်. အဲ့တာက အရမ်းကို ကောင်းတဲ့ ချပ်ဝတ်ဖြစ်တာကြောင့် Poliana အနေနဲ့ အလေးချိန် တစ်အောင်စလေးမှ တိုးလာလို့မရနိုင်ပေ. ချပ်ဝတ်ရဲ့အစိတ်အပိုင်းတွေကို ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲလို့ရပေမဲ့ Poliana က ဒီလိုမျိုး မလုပ်ချင်ပေ.

လက်ရာမြောက်တဲ့ ချပ်ဝတ်တန်ဆာကို ချုပ်လုပ်နိုင်ဖို့အတွက် အရာသုံးခုလိုအပ်သည်.

ပိုက်ဆံ, အာဏာနဲ့ ဒီချပ်ဝတ်ကို ဝတ်ဆင်သင့်တဲ့သူ.

Poliana အတွက် ချပ်ဝတ်တန်ဆာက ဒီအချက်သုံးချက်လုံးနဲ့ ပြည့်စုံသည်. ဒီအမျိုးသမီးဝတ်တဲ့ ချပ်ဝတ်တန်ဆာက သူမရဲ့ သေးသွယ်တဲ့ခန္ဓာကိုယ်အချိုးအစားအတိုင်း သေချာပုံဖော်ကာ ချုပ်လုပ်ထားတာဖြစ်သည်. ဒီချပ်ဝတ်က အသေးစိတ်ပုံဖော်ထားကာ လှပတင့်တယ်တာကြောင့် စိတ်ကူးယဉ်ပုံပြင်တွေထဲက အမျိုးသမီးစစ်သည်တွေ ဝတ်ဆင်တဲ့အရာမျိုးနဲ့ ဆင်တူနေသည်. တကယ်လို့ Poliana က ဒီချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူမခေါင်းဆောင်းကိုသာ မဖယ်ရှားဘူးဆိုရင်တော့ လူတွေက ဒီမျက်နှာဖုံးအောက်မှာ အရမ်းကို လှပတဲ့ အမျိုးသမီးစစ်သည် ရှိနိုင်တယ်လို့ စိတ်ကူးလာကြမှာဖြစ်သည်.

Emperor and the Knightness (Unicode) Book - 2Où les histoires vivent. Découvrez maintenant