ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက မီးဖွားရက်နီးလာတာနဲ့ အိပ်မက်တွေ မကြာခဏမက်လေ့ရှိတယ်လို့ Poliana ကြားဖူးခဲ့သည်. ဒါပေမဲ့ သူမအတွက်တော့ မဟုတ်ခဲ့ပေ. Cranbell မှာ အေးချမ်းစွာနဲ့နေထိုင်နေတဲ့ သူမအဖေက သူမအစား ကလေးအကြောင်းအိပ်မက်မက်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်သည်. ဒါပေမဲ့ Poliana ကတော့ သူ့ကို ဂရုမစိုက်သလို သူဘာအိပ်မက်တွေ မက်မလဲဆိုတာကိုလဲ စိတ်မဝင်စားပေ. သူမက သူ့အကြောင်းကို မစဉ်းစားချင်တာကြောင့် သူမအတွေးတွေကို အမြန်ပြောင်းလိုက်သည်.
သူမကိုယ်ဝန်ဆောင်ကာလနှစ်ဝက်မကျော်မချင်း Poliana က သက်တောင့်သက်သာမနေခဲ့ပေ. သူမက မနက်အစောကြီးထကာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခဲ့သည်. လေ့ကျင့်ခန်းပြီးတိုင်းလဲ သူမက အစားကောင်းကောင်း စားခဲ့သည်. သူမရဲ့တက်ကြွလှုပ်ရှားစွာနေတတ်တဲ့ နေထိုင်မှုပုံစံကြောင့် ကလေးပျက်ကျသွားမှာကို အကူတွေက စိုးရိမ်နေပေမဲ့ Poliana ကတော့ သူတို့ကို လစ်လျှူရှုလိုက်သည်. သူမကလေးက ပထမတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးကိုတောင် ကျော်လွှားနိုင်ခဲ့တာဖြစ်တဲ့အတွက် ဒီကလေးက ဘာကိုပဲဖြစ်ဖြစ် ဖြတ်ကျော်နိုင်မယ်ဆိုတာ သေချာသည်.
သီးသန့်စံအိမ်မှာနေထိုင်နေစဉ်မှာ Poliana က သတိဝီရိယရှိစွာနဲ့ နေထိုင်ခဲ့သည်. သူမကို တခြားသူတွေ မတွေ့မြင်သွားအောင် သတိထားခဲ့သည်. အချိန်တွေရွေ့လျားလာပြီး သူမရဲ့ဝမ်းဗိုက်က ပိုကြီးလာကာ သူမခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက သူမကို ခြောက်လှန့်လာသည်. သူမ မကြောက်လန့်စရာ အကြောင်းမရှိပေ.
'ငါကြောက်နေတယ်ဆိုတာကို ငါဝန်ခံတယ်'
Poliana ရဲ့အမေက သူမကိုမွေးပြီးတော့ အဖျားဝင်ခဲ့ကာ သေဆုံးသွားခဲ့သည်. Poliana ရဲ့သူငယ်ချင်း Rebecca ကလဲ ကလေးမွေးပြီးချိန်မှာ သေဆုံးသွားခဲ့သည်. Vaxi နဲ့ Vanessa တို့ကတော့ သူတို့ ကလေးတွေကို ဘေးကင်းကင်းနဲ့ မွေးလိုက်နိုင်သည်. သူမလုပ်ဖော်ကိုင်ဖက်တွေရဲ့ ဇနီးတွေကလဲ ဘာအန္တရာယ်မှမရှိပဲ ကလေးမွေးခဲ့ကြပေမဲ့ Poliana က ကြောက်လန့်နေသေးသည်
သူမက နယ်မြေပိုင်ရှင်ဖြစ်ပြီး Sitrin နယ်မြေတစ်ခုလုံးရဲ့ အရှင်သခင်မဖြစ်တာကြောင့် သူမရဲ့ ကြောက်ရွံ့မှုကို တခြားသူတွေကို ထုတ်ပြ၍မရပေ. ဒါ့ကြောင့် ညတိုင်း သူမက အိပ်ယာထဲမှာ တစ်ယောက်တည်း ကြောက်လန့်ကာ တုန်လှုပ်နေခဲ့သည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/