Frau အတွက် ကျေးဇူးတင်စရာကောင်းတာတစ်ခုက သူ့ဇနီးရဲ့မိဘတွေနေတဲ့ မြို့မှာတော့ သူ့သားက အရမ်းဆိုးဆိုးရွားရွားဆက်ဆံတာမျိုး မခံရပေ. သူ့ဘိုးဘွားတွေက အေးဆေးနေတတ်တာကြောင့် သူ့တို့နေ့စဉ်ဘဝကို လုံးဝပုန်းကွယ်ကာနေခဲ့ပြီး Frau က သူတို့ကို နားလည်ပေးခဲ့သည်. Frau က ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာမိသားစုမှာ မွေးဖွားခဲ့တာ ဖြစ်သည်. သူက သခင်လေးတစ်ယောက် အဖြစ် သက်တောင့်သက်သာရှိတဲ့ဘဝမျိုးနဲ့ နေထိုင်ခဲ့ရသည်. သူက သူ့အချစ်အတွက် ဒီလိုဘဝကို လက်လွှတ်ခဲ့ပြီး သူကိုယ်တိုင် အဖေတစ်ယောက် ဖြစ်လာတော့ သူက သူ့မိဘတွေ ဘယ်လိုခံစားခဲ့ရမလဲ ဆိုတာကို နားလည်လာခဲ့သည်. သူ့မိဘတွေက သူ့ကို ချစ်လို့သာ အစေခံနဲ့ လက်ထပ်မှာကို ကန့်ကွက်ခဲ့တာ ဖြစ်သည်. တကယ်လို့ Frau က ဒီလိုလက်ထပ်ခဲ့ရင် သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်တွေက ခက်ခဲပင်ပန်းမှာကို သူတို့သိခဲ့သည်. Frau ရဲ့ ဘယ်ကလေးပဲဖြစ်ဖြစ် သာမာန်လူတန်းစားအဖြစ် သတ်မှတ်ခံရမှာ ဖြစ်တာကြောင့် သူတို့ဘဝတွေက ပင်ပန်းဆင်းရဲစွာနဲ့ အသက်ရှင်ရမှာဖြစ်သည်.
Frau ရဲ့အိမ်က အလုပ်သမားတစ်ယောက်က Frau ဆီကို လာလည်တုန်းက Frau ရဲ့သားက သူ့ကို အလေးအနက်ဦးညွှတ်ခဲ့သည်. Frau ကို ဦးညွှတ်နေခဲ့ရတဲ့ အလုပ်သမား.. Frau က သူ့သားကို ဒီလိုမလုပ်ဖို့ ပြောခဲ့ပေမဲ့ မရတော့ပေ. သူ့ရဲ့အမေဘက်က ဘိုးဘွားတွေက သူတို့မြေးကို သာမာန်လူတန်းစားအဖြစ်သာ ကြီးပြင်းလာစေချင်သည်.
ဒါက သူ့ရဲ့သေသွားတဲ့ဇနီးနဲ့ ကလေးရခဲ့တဲ့အတွက် ပထမဆုံးအကြိမ်အဖြစ် Frau က နောင်တရမိတာ ဖြစ်သည်. ဒါကြောင့်ပဲ သူ့မိဘတွေက ဒီလက်ထပ်ပွဲကို ဆန့်ကျင်ခဲ့တာဖြစ်မည်. Frau က သေချာစဉ်းစားလိုက်သည်. သူက အချစ်အတွက် အရာအားလုံးကို လက်လျော့ခဲ့ပေမဲ့ သူကျရှုံးပြီးတဲ့ နောက်မှာ ဘယ်သူကမှ သူ့ကို သာမာန်လူတန်းစားတစ်ယောက်အဖြစ် မဆက်ဆံရဲကြပေ. ဒါပေမဲ့ သူ့သားအတွက်တော့ လုံးဝမတူညီတဲ့အကြောင်းအရာဖြစ်သွားသည်. သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကနေ မွေးဖွားလာတဲ့ သူ့သားက သာမာန်လူတန်းစားအဖြစ် အသက်ရှင် နေထိုင်သွားရတော့မည်. ဒါက Frau အတွက်လက်ခံဖို့ မဖြစ်နိုင်ပေမဲ့ ဒါက ဒီကမ္ဘာကြီးရဲ့ သတ်မှတ်ချက်ဖြစ်သည်. Frau ရဲ့ ညီအစ်ကိုတွေက သူ့ကို ခွင့်မလွှတ်ခဲ့ပဲ သူ့ကို သူတို့ရဲ့ မိသားစုအဖြစ် အသိအမှတ်ပြုဖို့အတွက် ငြင်းဆန်ခဲ့ကြသည်. တကယ်လို့ Frau က သူ့သားကို စွန့်ပစ်ခဲ့ရင်တော့ သူ့ကို မိသားစုကနေ ပြန်လက်ခံလောက်မည်. ဘာနည်းလမ်းနဲ့ပဲဖြစ်ဖြစ် Frau ရဲ့သားက အထက်တန်းလွှာတစ်ယောက်ဖြစ်လာမှာ မဟုတ်ပေ.

ESTÁS LEYENDO
Emperor and the Knightness (Unicode) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/