အခန်း ၂၉၁

288 34 4
                                    

Lucius က ကြောက်လန့်တုန်လှုပ်နေသည်.

'တကယ်လို့ Pol က ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုရင်ရော? ငါဘာလုပ်ရတော့မလဲ?'

သူမ ထွက်မသွားခင်မှာ သူ့ဆီကို ပြန်လာမယ်လို့ Poliana က ကတိပေးခဲ့သည်. အဲ့တုန်းကတော့ Lucius က သူမကို ယုံကြည်ခဲ့ပေမဲ့ အခုတော့ သူ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ ခံစားချက်ကို မဖယ်ရှားနိုင်တော့ပေ. တစ်ခုခုကတော့ လွဲနေသလိုပဲ.. အရမ်းအရေးကြီးတဲ့အရာတစ်ခုခုကို ပျောက်ဆုံးနေသလို ခံစားနေရသည်.

Poliana အကြောင်း စုံစမ်းဖို့ သူလွှတ်လိုက်တဲ့ စာရင်းစစ်က Yapa ကို ပြန်ရောက်ရောက်ချင်း သတင်းပို့လာခဲ့သည်. သတင်းပို့ချက်က အတိုချုံးထားသည်.

'အထွေအထူးတင်ပြရန်မရှိပါ'

Lucius က Mo Mo ကို ချက်ချင်းဆင့်ခေါ်လိုက်သည်. ဧကရာဇ်က ပိုပြီးအသေးစိတ်သိချင်ပေမဲ့ Mo Mo ကတော့ ဘာမှ ပြောစရာမရှိပေ.

"အဲ့မှာ ဘာမှ ထွေထွေးထူးထူးမရှိဘူး"

"ဒါပေမဲ့ အဲ့တာကိုက အဓိပ္ပါယ်မရှိတာပဲ"

"ကျွန်တော် အရှင့်ဆီကို အသေးစိတ် သတင်းပို့ပြီးပြီလေ"

"မင်းရေးထားတာက 'အထွေအထူးတင်ပြရန်မရှိပါ'လို့ပဲ ရေးထားတာလေ‌! ဒါတွေက အကုန်လုံး မဖြစ်နိုင်ဘူး!"

Mo Mo က ကလန်ကဆန်လုပ်နေတာကြောင့် ဧကရာဇ်က စိတ်ရှုပ်လာသည်. Sitrin ရဲ့ ငွေကြေးဆိုင်ရာ အခြေအနေတွေက ဧကရာဇ် သိချင်နေတဲ့အကြောင်းအရာမဟုတ်ပေ. Poliana ဘယ်လိုနေလဲ ဆိုတာကို Lucius က သိချင်နေသည်. ဒါက ဧကရာဇ်က Mo Mo ကို ဒီအလုပ်ကို ခိုင်းရတဲ့အကြောင်းအရင်း ဖြစ်သည်.

အကြောင်းပြချက်တစ်ချို့ကြောင့် Poliana နဲ့ Mo Mo တို့ရဲ့ ဆက်ဆံရေးက အစတည်းက အလွန် ကောင်းမွန်ခဲ့သည်. Mo Mo က လက်ထပ်ပြီးသားဖြစ်ကာ ကလေးတစ်ယောက်ပါ ရှိနေတာကြောင့် Poliana နဲ့ ပတ်သက်ပြီးတော့ သူ့ကို ယုံကြည်စိတ်ချလို့ရတယ်လို့ Lucius ထင်ခဲ့သည်. Mo Mo နဲ့ Poliana တို့က အတင်းတစ်ခါတုပ်ရင် နာရီပေါင်းများစွာကြာမြင့်တတ်ပြီး သူတို့ပြန်တွေ့လိုက်ရင် သူတို့က ဝမ်းသာအားရစွာနဲ့ စကားပြောဆိုကြမှာကို ဧကရာဇ်သိနေသည်.

Emperor and the Knightness (Unicode) Book - 2Opowieści tętniące życiem. Odkryj je teraz