အခန်း ၂၃၇

243 28 0
                                    

ဒုတိယတပ်ဖွဲ့က စစ်သည်အများစုက Acreia က ဖြစ်သည်. သူတို့ဖမ်းရမဲ့ အထက်တန်းလွှာတွေက ဒုတိယတပ်ဖွဲ့က စစ်သည်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေကြတဲ့သူတွေ ဖြစ်သည်. သူတို့တွေက သူတို့ရဲ့ ဆွေမျိုးနီးစပ်တွေ ဒါမှမဟုတ် သွေးမနီးတဲ့ ဆွေမျိုးတွေဖြစ်နေကြသည်. သူတို့ခေါင်းဆောင်ရဲ့အမိန့်ကြောင့်သာ ဒီအထက်တန်းလွှာတွေကို ဖမ်းရတာဖြစ်တာကြောင့် သူတို့တွေက ဒီအထက်တန်းလွှာတွေကို ကြိုးတုပ်ဖို့အတွက်တော့ အခက်တွေ့နေကြသည်. သူတို့ဖမ်းရမဲ့လူအများစုက အသက်ကြီးသူတွေဖြစ်နေတဲ့အတွက် ပိုဆိုးနေသေးသည်.

ဒုတိယတပ်ဖွဲ့ကစစ်သည်တွေက Marquis Seeze ကို ဖမ်းဖို့ တုန့်ဆိုင်းနေတော့ သူက ဧကရာဇ်ဘက် လှည့်ကာ တည်ငြိမ်စွာနဲ့ ပြောလိုက်သည်.

"အရှင် ကျွန်တော့်စာကြည့်ခန်းထဲမှာ သစ်သားနက်နဲ့လုပ်ထားတဲ့ စားပွဲခုံရှိတယ်ဆိုတာ မှန်ပါတယ်. ဒါပေမဲ့ အဲ့ခုံမှာ ဘာလျှို့ဝှက်အံဆွဲမှ မရှိသလို အဲ့ထဲမှာလဲ ဘာကိုမှ သိမ်းထားတာမျိုး မရှိပါဘူး. Lady Tory က ဘာအကြောင်းတွေပြောနေလဲဆိုတာကို ကျွန်တော်နားမလည်ဘူး. ကျွန်တော်ကျူးလွန်မိတာဆိုလို့ ကျွန်တော့်မြေးမကို ယုံကြည်ခဲ့မိတာတစ်ခုတည်းပါ. အရှင် ကျေးဇူးပြုပြီးတော့ အမျှော်အမြှင်ကြီးစွာနဲ့ ဆုံးဖြတ်ပေးပါ"

Lucius က ခေါင်းငြိမ့်လိုက်သည်.

"ဟုတ်တယ်. ငါသဘောတူတယ်. ငါ မင်းရော တခြားသူတွေကိုပါ ခိုင်လုံတဲ့သက်သေမရှိပဲနဲ့ အပြစ်မတင်သင့်ဘူး. မင်းဘာပြောချင်နေတာလဲဆိုတာကို ငါလုံးဝနားလည်တယ်"

အထက်တန်းလွှာတွေက အနည်းငယ်စိတ်ပေါ့သွားကာ အစောင့်တွေကို ကြည့်ရင်း သူတို့ကို လွှတ်ပေးဖို့ ထပ်မံခုခံနေကြသည်. အစောင့်တွေက ဘာလုပ်ရမလဲဆိုတာ မသေချာတာကြောင့် ဧကရာဇ်နဲ့ Poliana တို့ကို တွေဝေစွာနဲ့ လှမ်းကြည့်လိုက်သည်. Poliana က သူတို့ကို ဒေါသတကြီးနဲ့ ကြည့်လာတာကြောင့် သူမတပ်ဖွဲ့ထဲက စစ်သည်တွေက ကြောက်ရွံ့သွားကာ ခေါင်းငုံ့သွားကြသည်. အစောင့်တွေက အနည်းငယ်အလျော့အတင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့က အထက်တန်းလွှာတွေကို အနီးကပ် စောင့်ကြည့်နေပေမဲ့ သူတို့ကို ကြိုးတွေနဲ့တော့ မတုပ်ထားခဲ့ပေ.

Emperor and the Knightness (Unicode) Book - 2Où les histoires vivent. Découvrez maintenant