အခန်း ၂၇၃

279 35 2
                                    

Lucius ရဲ့ လေသံက‌ လေးနက်လာတာကြောင့် Duke Luzo က မျက်လုံးပြူးလာသည်. ဧကရာဇ်ရဲ့ အမူအရာက ဒီလိုလေးနက်တဲ့ပုံစံဖြစ်လာတိုင်း ဖြစ်လာနိုင်တာ နှစ်ခုပဲရှိသည်.

၁. သူ့ကို အသုံးချပြီး အလုပ်တွေပိုခိုင်းဖို့

၂. မိသားစုတစ်ယောက်အနေနဲ့ တိုင်ပင်စရာရှိလို့

'ဒီတစ်ခါတော့ ဘာများဖြစ်မလဲ?'ဆိုပြီး Duke Luzo က သိချင်သွားသည်. သူ့ဆံပင်တွေအများကြီးကို ဆုံးရှုံးလိုက်ရပြီး ဒီဆံပင်တွေက သူ့ဆီကို ပြန်မလာတော့ပေ. သူထိပ်ပြောင်နေတာကို ဖုံးကွယ်ဖို့ ဆံပင်တုစွပ်ထားပေမဲ့ နဂိုဆံပင်ရှိနေတာနဲ့ မတူနိုင်ပေ. သူ့ဆီမှာ ရှိနေတဲ့ ဆံပင်တစ်ချောင်းချင်းစီက သူ့အတွက် အလွန်အဖိုးတန်ပြီး ဆံပင်တွေ ဒီ့ထက်ပိုပါးလာရင်တော့ ဆံပင်တုမစွပ်ပဲနေဖို့ သတ္တိမွေးဖို့ လိုလောက်သည်.

Lucius က အသက်ပြင်းပြင်းရှူလိုက်သည်. သူ့ရဲ့လျှို့ဝှက်ချက်က.. သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းနဲ့ သူ့ဇနီးဟောင်းတစ်ယောက်သာ သိခဲ့ကြတာဖြစ်သည်. အခုတော့ ဒီကမ္ဘာမှာ သူ့ရဲ့လျှို့ဝှက်ချက်ကို မျှဝေဖို့ နောက်တစ်ယောက်ရှိလာတော့မှာဖြစ်သည်.

"ငါ Marquess Winter ကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်နေတာ"

"အမ်... အဟမ်း... တကယ်တော့ ဒီအကြံက ဆိုးတော့မဆိုးဘူး. ဒီတိုင်းပြည်ရဲ့ သစ္စာအရှိဆုံးစစ်သည်ဖြစ်တဲ့ Marquess Winterကို ဧကရီအဖြစ် ရလိုက်တာက အရှင့်အနေနဲ့ တော်ဝင်မိသားစုတွေကြားမှာရှိတဲ့ အာဏာလွန်ဆွဲတာတွေကို ကာကွယ်နိုင်မယ်. ပြီးတော့ နောက်ထပ်ဇနီးတွေ ထပ်ယူပြီးတော့ အမွေဆက်ခံသူလဲ ရလာနိုင်တယ်. အင်း.. ဟုတ်ပြီ ကျွန်တော် သဘောပေါက်ပြီ. အဲ့တာက အရမ်းအံ့အား သင့်ဖို့ကောင်းတဲ့ အကြံပဲ. အရှင်က တကယ့်ကို အမျှော်အမျှင်ကြီးမားတဲ့ ဧကရာဇ်ပဲ"

Duke Luzo က ဧကရာဇ်က အရမ်းလေးစားသွားတဲ့အကြည့်တွေနဲ့ ကြည့်လိုက်သည်. သူ့ညီဝမ်းကွဲကို မကြာခဏအနိုင်ကျင့်တတ်ပေမဲ့ Duke Luzo က သူ့အစ်ကိုဝမ်းကွဲဧကရာဇ်ပေါ်ကိုတော့ အကြွင်းမဲ့ယုံကြည်ကာ လေးစားသည်. လူတစ်ယောက်ရဲ့လက်ထပ်ပွဲက စီးပွားရေးကိစ္စသာဖြစ်ပြီး ဧကရာဇ်ရဲ့လက်ထပ်ပွဲကတော့ တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်သည်. Duke အနေနဲ့ ဧကရာဇ်ရဲ့ အစီအစဉ်ကို နိုင်ငံရေးဖြေရှင်းချက်တစ်ခုအဖြစ် မှတ်ယူလိုက်တာက အံ့ဩစရာတော့မဟုတ်ပေ.

Emperor and the Knightness (Unicode) Book - 2Where stories live. Discover now