"ငါ ဒီလိုစဉ်းစားထားတာဟာ Donau. အရှင်နဲ့ ငါက Gerald ကို တရားဝင်သားဖြစ်အောင်လို့ လက်ထပ်တာ ဆိုတော့ နောက်ပြီးကျရင် ငါတို့ ကွာရှင်းပြီးတော့ ငါ့ဘာသာ Sitrin ကို တစ်ယောက်တည်း ပြန်လာမယ်. Geral ကိုတော့ Yapa ရဲတိုက်မှာပဲ ကြီးပြင်းပစေပေါ့"
ဒီဟာကို အကြံကောင်းလို့ Poliana က ထင်နေပေမဲ့ Donau ကတော့ မယုံကြည်နိုင်ဟန်နဲ့ ကြည့်လာသည်.
"အစ်မ ဒီလိုလုပ်လို့မရဘူး. Lady Stra က ကွာရှင်းခွင့်တောင်းဖို့ အကြောင်းပြချက်ကောင်းရှိတယ်. ဒါပေမဲ့ အစ်မကိစ္စကျတော့ မတူဘူးလေ. တကယ်လို့ အစ်မနဲ့ အရှင်နဲ့ကွာရှင်းလိုက်ရင် လူတွေ အတင်းတုပ်လို့ ပြီးတော့မှာ မဟုတ်ဘူး. အစ်မတို့က ကလေးကြောင့် လက်ထပ်လိုက်တာလို့ ပြောကြမှာ"
"ဒါပေမဲ့.. ဒါက မှန်နေတာပဲလေ! ငါတို့သားကြောင့်သာ ငါတို့လက်ထပ်ရမှာလေ!"
"အစ်မ..."
"အားး!"
Poliana က သူမမျက်နှာကို အုပ်ကာ အော်လိုက်သည်. သူမမွေးစားမောင်ကို မပြောပြရသေးတာ တစ်ခုကျန်နေသေးသည်.
Lucius က သူမအပေါ်ထားရှိတဲ့ သူ့အချစ်တွေကို ဝန်ခံခဲ့တယ်ဆိုတဲ့အကြောင်း
သူက သူမကိုချစ်ခဲ့တယ်လို့ ပြောခဲ့တုန်းက ဧကရာဇ်က သူမကို သစ္စာဖောက်လိုက်သလိုမျိုး Poliana ခံစားခဲ့ရသည်. သူမက သူမဧကရာဇ်ကို နားလည်နေတာကြောင့် စိတ်ဆိုးစိတ်ပျက်ကာ ဝမ်းနည်းခဲ့ပြီး တခြားဘာခံစားချက်မှ မဖြစ်ခဲ့ပေ.
ဧကရာဇ်က Sitrin ကနေ ပြန်သွားပြီးတဲ့နောက်တော့ Poliana က ဒီအကြောင်းကို အများကြီးစဉ်းစား ဖြစ်လိုက်သည်.
'အရှင်က ငါ့ကိုချစ်လာစရာအကြောင်းမှမရှိတာ. ငါ့ကို နှစ်သိမ့်ဖို့နဲ့ ငါ့ခံစားချက်တွေ ပိုကောင်းလာအောင် လို့ ပြောခဲ့တာပဲဖြစ်နိုင်တယ်'
ဒါက သူမ စဉ်းစားလို့ရသမျှ အကောင်းဆုံးအကြောင်းပြချက်ဖြစ်သည်. သူမကဆင်ခြေတစ်ခု ပေးနေတာသာ ဖြစ်ပြီး သူမဘာတွေလုပ်နေလဲဆိုတာကို သတိမပြုမိပေ. ပထမတော့ သူမက ဧကရာဇ်ပြောခဲ့တဲ့စကားတွေကို သံသယဝင်ခဲ့သည်. Lucius က သူ့ရဲ့ထူးဆန်းတဲ့ဟာသတွေကလွဲရင် ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် သူ့လိုလူမျိုးတစ်ယောက်က သူမကို ဘာလို့ ချစ်မိရမှာလဲ? သူမစဉ်းစားလေ ဒီအကြောင်းအရာက ဟန်ဆောင်မှုတစ်ခုဖြစ်နေတယ်ဆိုတာကို သူမက သေချာလာလေဖြစ်နေသည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/