အခန်း ၃၅၆

211 22 2
                                    

Gerald ရဲ့မွေးဖွားမှုဟာ တရားဝင်မဖြစ်သေးတာကြောင့် Sitrin ပြန်ရောက်တဲ့အချိန်မှာတော့ Poliana က အပန်းဖြေအိမ်ယာမှာ ဆက်လက်နေထိုင်ခဲ့သည်.

Lucius က သူမကို အချိန်တစ်နှစ်ပေးထားသည်. ဒီတစ်နှစ်ပြီးလို့ သူမ Yapa ကို ပြန်တဲ့အချိန်မှာတော့ သူမက Gerald ကို သူမနဲ့အတူ ခေါ်ဆောင်သွားမှာဖြစ်သည်. အဲ့အချိန်ရောက်ရင်တော့ သူက ခရီးဝေးသွားနိုင်လောက်တဲ့ အသက်အရွယ်ရောက်နေလောက်ပြီဖြစ်သည်.

Sitrin ကို ပြန်ရောက်တာနဲ့ သူမ ပထမဆုံးလုပ်ခဲ့တာကတော့ တောင်ပိုင်းဒေသကို စာတွေပို့တာပဲဖြစ်သည်. ဧကရာဇ်ကို လက်ထပ်ဖို့ Poliana က ငြင်းဆန်ခဲ့တဲ့အကြောင်းတွေ တောင်ပိုင်းကို ရောက်သွားတဲ့အချိန်မှာ...     Poliana က ကြောက်လန့်ကာ တုန်ယင်သွားသည်. သူမရဲ့ အထက်လူကြီးဟောင်းတွေက သူမ လက်မထပ်ပဲ ကလေးမွေးခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပြီး အခု.. လတ်တလောကိစ္စကိုသာ ကြားလိုက်ရရင်တော့ သူတို့ ဘယ်လောက်တောင် ဒေါသထွက်လာကြမလဲ?

သူမစာတွေကို ပို့ပြီးတဲ့အခါမှာတော့ Poliana က သူတို့ဆီက ပြန်စာတွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေခဲ့သည်. အဲ့နောက် တစ်ရက်မှာတော့, တောင်ပိုင်းဒေသက ဧည့်သည်တွေအများကြီး ရောက်ချလာသည်. ဧည့်သည်တွေကတော့ Sir Howe, Sir Donau နဲ့ သူတို့ရဲ့ ဇနီးတွေဖြစ်ကြသည်. Poliana က အမွှာညီအစ်မနှစ်ယောက်ကို တင်းကျပ်စွာနဲ့ ပွေ့ဖက်လိုက်သည်. သူတို့ချင်း မတွေ့ဖြစ်ကြသည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်. သူတို့က တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ ဖက်ထားကြရင်း ပျော်ရွှင်စွာ ရယ်မောနေကြသည်.

ဒီစုံတွဲတွေက သူတို့ကလေးတွေကိုပါ အတူခေါ်လာခဲ့တာကြောင့် Poliana က အံ့ဩသွားသည်. သူတို့က သူတို့ရဲ့ အဒေါ်နဲ့တွေ့ဖို့ ရောက်လာကြတာဖြစ်သည်.

"ခရီးထွက်လာရတာ ပင်ပန်းမှာပဲ..."

"မဟုတ်တာ.. ဒီကလေးတွေက အရမ်းသန်ပြီး အကြမ်းပတမ်းခံတာ..."

"Gerald ကလဲ အရမ်းသန်တာပဲ..."

"ဒီကလေးတွေက စစ်သည်တွေရဲ့ ကလေးတွေဆိုတော့ သူတို့ကျန်းမာသန်စွမ်းတာက ဖြစ်သင့်တာပဲလေ. သူတို့ကြည့်ရတာ ကျန်းမာရေးကောင်းမဲ့ပုံဆိုတော့ သူတို့ နေမကောင်းဖြစ်မှာကို ငါတို့ စိတ်ပူစရာမလိုတော့ဘူးပေါ့"

Emperor and the Knightness (Unicode) Book - 2Donde viven las historias. Descúbrelo ahora