Sir Howe က သူ့ညီရဲ့ ပြောစကားကို ထပ်ပြောလိုက်သည်.
"ဟုတ်တယ်! အဲ့ခွေးကောင်က လက်ထပ်ပြီးသား အရှင်!"
"လက်ထပ်ပြီးသား?"
ဒီအကြောင်းကို ဧကရာဇ်က ပထမဆုံးကြားဖူးတာ ဖြစ်သည်. အမှန်တကယ်တော့ Frau လို အထက်တန်းလွှာအမျိုးသားတစ်ယောက်က ဧကရာဇ်ရဲ့ခွင့်ပြုချက်မရှိပဲ တရားဝင်လက်ထပ်ခွင့်မရှိပေ. ဒါကြောင့် သူက အမျိုးသမီးတစ်ယောက်နဲ့ အတူနေခဲ့တဲ့အခြေအနေအပြင် တခြားဘာအဓိပ္ပါယ်မှ မသက်ရောက်ပေ. Lucius ကိုယ်တိုင်ကလဲ ယောက်ျားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် Frau ရဲ့ အတိတ်က အမျိုးသမီးကိစ္စကို သိပ်ပြီး အလေးအနက်မထားခဲ့ပေ. ဒါက အထက်တန်းလွှာလူငယ်တွေ ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာ ဖြစ်သည်. ပြီးတော့ အဲ့အစေခံကလဲ သေဆုံးသွားခဲ့ပြီ. တကယ်လို့ သူမသာ အသက်ရှင်နေသေးတယ်ဆိုရင်တော့ ဒါက ပြဿနာဖြစ်လာနိုင်သည်.
Lucius က ညီအစ်ကိုနှစ်ယောက်ကို ပြောလိုက်သည်.
"ဒါပေမဲ့ အစေခံက သေသွားပြီမလား? ဒါကြောင့် စိတ်လျော့စမ်းပါ"
ဧကရာဇ်က Poliana နဲ့ Frau တို့ လက်ထပ်မဲ့ကိစ္စအတွက် Sir Howe နဲ့ Sir Donau တို့ကို နားချနေရတာက ရယ်စရာကောင်းနေသည်. ဘယ်လိုထူးဆန်းပြီးတော့ ရယ်စရာကောင်းတဲ့ အခြေအနေလဲ. သူချစ်တဲ့ အမျိုးသမီးက တခြားအမျိုးသားတစ်ယောက်နဲ့ လက်ထပ်တော့မဲ့အချိန်မှာ သူက ဒီလက်ထပ်ပွဲကို ဆန့်ကျင်နေသူတွေကို နားချနေရသည်.
"ကျွန်တော်တို့ ဘယ်လိုလုပ် စိတ်အေးအေးထားလို့ရမှာလဲ အရှင်?!"
Sir Howe က သူ့အရှေ့မှာ ဧကရာဇ်ရှိနေတယ်ဆိုတာကို မေ့နေတဲ့ပုံစံနဲ့ ဒေါသတကြီး ကန့်ကွက်ပြောဆို နေသည်. Sir Donau ကလဲ သူ့အစ်ကိုနဲ့ သဘောထားချင်း တူညီနေပုံရသည်. လူငယ်နှစ်ယောက်က ရိုင်းစိုင်းတဲ့စကားလုံးတွေကို စသုံးလာပြီး Lucius က တစ်ခုခုပြောတော့မဲ့အချိန်မှာပဲ Sir Donau က ပြောလိုက်သည်.
"သူက ကလေးတောင် ရှိနေတာလေ!"
အို.. ဒါဆိုရင်တော့ အရာအားလုံးက ပြောင်းလဲသွားပြီ
Lucius က ဒီအကြောင်းတွေကို လုံးဝမသိခဲ့ပေ. တဖြည်းဖြည်းချင်းနဲ့ ဒေါသကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးပူလောင်လာတယ်လို့ ခံစားမိလိုက်သည်. သူက တစ်ခါမှ ဒီလောက်အထိ ဒေါသမထွက်ခဲ့ဖူးပေ. တကယ်လို့ ဒီညီအစ်ကိုတွေပြောနေတာက အမှန်ဆိုရင်တော့ Frau ကို နာကျင်စရာ အကောင်းဆုံး နည်းလမ်းတွေနဲ့ ဖျက်ဆီးပစ်မယ်လို့ Lucius က ကျိန်ဆိုလိုက်သည်.
ESTÁS LEYENDO
Emperor and the Knightness (Unicode) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/