💛 - 2

1K 74 0
                                    

မိုးပိတောက် POV ☔

ရှင်က ဘာလို့ ကျွန်မနဲ့ဆို မာကျောခက်ထန်နေပြီး သူ့နဲ့ကျတော့ အဲ့လိုမျိုးထိ ပြုံးပြပြီးနူးညံ့ချိုသာနေရတာလဲ. ကျွန်မကို ကိုယ်ထိလက်ရောက်ပြုမူတဲ့ မင်းကို မကျေနပ်ဘူး ဘယ်သူမှလက်ဖျားနဲ့တောင် မတို့ထိရက်တဲ့ ကျွန်မကို ရှင်ကဒီလိုလုပ်တာဆိုတော့ ရှင်လည်း ပြန်ခံစားစေရမယ်.
တစ်ကိုယ်တည်း တွေးရင်းမထီပြုံး ပြုံးလိုက်မိသည်

ဒေါက် ဒေါက်.. ‼

" ဝင်လာခဲ့ပါ ''

ဟော... အခုတော့ ဘယ်လိုအချိုးနဲ့လာအုံးမလဲ ကြည့်မယ်

" CEO ဘာများပြောဖို့ရှိပါသလဲ ''
" Ahah... ကျွန်မက ခိုင်းဖို့ ပြောဖို့ရှိမှခေါ်ရမှာလား.. ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်သလဲ.. "
မိုးပိတောက် မေးရင်း အလုပ်စားပွဲဆီမှ ထရပ်လိုက်သည်။ ပြီးတော့ တဖြည်းဖြည်း သူမဆီ အကြည့်စူးစူးတွေပို့လွှတ်ရင်း လျှောက်လာခဲ့သည်။
သူမ ရုတ်တရပ်မို့ ကြောင်အမ်းအမ်းဖြစ်သည်ကို မြင်ရသဖြင့် မိုးပိတောက် ရယ်ချင်မိသည်။

" ဟို... နွေ.. နွေဦး ပါ CEO "
" haha... နွေဦးတဲ့လား... ရှင်က စတွေ့တုန်းကနဲ့ ကွာခြားသွားလိုက်တာနော်.. "

မိုးပိတောက်ပြောရင်းဖြင့် နွေဦးနှင့် ခြေတစ်လှမ်းအကွာတွင်ရပ်လိုက်သည်။

မိုးပိတောက်နှင့် ယှဥ်လျှင် နွေဦးက ဦးခေါင်းတစ်လုံးစာ ပုသည်မို့ မော့်ကြည့်မို့မဆိုထားနှင့် ခေါင်းကိုသာတွင်တွင်ငုံ့ထားမိသည်။ နွေဦး ဘာပြသနာမှ ထပ်မဖြစ်လို့တော့ပါ။ နွေဦး အလုပ်ပြုတ်မခံနိုင်ဘူးလေ။

မိုးပိတောက် သူမကို ကြည့်ရင်း စလိုသဖြင့် အနီးကပ်ဆုံးနေရာကို ခါးကိုကိုင်းရင်းတိုးသွားပြီး နွေဦးရဲ့ နားအနားကပ်ကာ တိုးညှင်းတဲ့ လေသံလေးဖြင့်..

" မင်းသိလား.. ကျွန်မပါးကို ကျွန်မမိဘတွေတောင် မရိုက်ဖူးဘူးဆိုတာ.. ဒါကို မင်းက လက်လွတ်စပယ်နဲ့ ရိုက်ခဲ့တယ်..  ကျွန်မရှင့်ကို တစ်ထပ်တည်း ပြန်လုပ်ချင်ပေမယ့် ရှင်က ခဏတာပဲနာကျင်ရမှာ.. အဲ့ဒီတော့ ကျွန်မရှင့်ကို အသားနာတာထက် စိတ်ပင်ပန်းရအောင်လုပ်မယ် ..."

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now