💛 - 10

786 65 2
                                    

မိုးပိတောက်  POV

နွေ   .. ကျွန်မကိုနေခိုင်းသဖြင့်ခုတင်ဘေးက ခုံလေးမှာပဲကျွန်မထိုင်နေမိသည်။  ကျွန်မနွေ့ကို နားမလည်နိုင်ပါ.. သူကျွန်မကို မုန်းနေသည်မှာ အသေအချာမှန်း သိလျက်သားနဲ့ ဘာလို့ ကျွန်မကိုနေခိုင်းမှန်း နားမလည်နိုင်ပါ..

ဒါဟာ ကျွန်မအတွက် ဘယ်လောက်အထိခက်ခဲမှန်း.နွေဦး သိပါ့မလား..  ဘာလို့လဲဆိုတော့ နွေဦး ကိုမြင်တိုင်း ကျွန်မတွေးနေမိတာက သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို နမ်းရှိုက်ဖို့သာ...

တကယ်တော့ ဒီခံစားချက်က နွေ့ကို စမြင်ကတည်းကဖြစ်လာခဲ့ခြင်း....  နွေ့ကို မြင်တိုင်း အတားအဆီးအထိန်းအကွပ်မဲ့ ခုန်လာတဲ့ နှလုံးသားကို မိုးပိတောက်မှတပါး မည်သူကသိနိုင်မှာလဲ...

နွေ... မင်း.. ကျွန်မကို ဘာလုပ်လိုက်ပြီလဲ.. ကျွန်မ ရူးပြီးထင်ပါရဲ့

မိုးပိတောက်..တွေးရင်း သူမနှုတ်ခမ်းဖျားလေးကိုကိုက်လျက်.. အိပ်မောကျနေပြီဖြစ်တဲ့ နွေ့ကို တစ်စိမ့်စိမ့်ကြည့်နေမိတော့သည်...

တီတီတီ..တီတီတီ..တီတီတီ

မိုးပိတောက်ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ နွေ့ဖုန်းကမြည်သံဖြစ်သည်။...

ဘယ်သူခေါ်တာပါလိမ့်..

နွေ အိပ်ပျော်နေသည်ကို မနိုးစေချင်သောကြောင့် သူမ ဖြေလိုက်ဖို့စဥ်းစားရင်းး ID ကိုကြည့်တော့ ကိုတေဇ နာမည်ကိုတွေ့လိုက်ရသည်...

ကိုတေဇ.... ?

" ဟယ်လို.. နွေ.. "

" ဟယ်လို.. ကျွန်မ မိုးပိတောက်ပါ.. CEO .. နွေဦး အိပ်ပျော်နေလို့ "

မိုးပိတောက်ပြောရင်း မချိုပြုံးပြုံးလိုက်သည်.. သူမ စကားအသွားအလာက ဘယ်လိုရောက်မလဲဆိုတာကို တွေးမိ၍ဖြစ်သည်... နွေရော. ကျွန်မရော အလုပ်မသွားကြတာကို အားလုံးသိပြီးနေလောက်ပြီမို့... အကုန်လုံးသိချင်နေကြမှာကို မိုးပိတောက်ရိပ်မိသည်..

" ခင်ဗျာ ❗.. CEO..CEO က ​ေနွဦးနဲ အတူတူလားခင်ဗျ "

မိုးပိတောက် ဦးခန့်ကို နွေ့အကြောင်းခွင့်တင်တုန်းက နွေဦးက မိုးပိတောက်ခိုင်းထားတဲ့ အလုပ်ကိစ္စနဲ့ နယ်ဘက်သွားကြောင်းပြောထားသည်ကို သတိရမိတာကြောင့်

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now