နွေဦး တို့နှစ်သား အလုပ်ကိုပြန်ရောက်တော့ ၉နာရီကျော်ပြီး ၁၀ နာရီထိုးခါနီးဖြစ်နေပြီ။
မိုးပိတောက်ကတော့ ရောက်ရောက်ချင်း ဘာတစ်ခွန်းမှမပြောပဲ သူမ ရုံးခန်းကို တန်းဝင်သွားသည်။ အတော်လေးလည်းခန့်မှန်းရခက်တဲ့ အမျိုးသမီးပါလား။
နွေဦး.. မိုးပိတောက်ဝယ်ပေးထားသည့် အက်ျီနဲ့ ဒေါက်ကို စီးပြီး နွေဦး အလုပ်စားပွဲဆီ လျှောက်လာသည်ကို မြင်တော့ ဖြူဖြူ က
" မနွေ... CEO နဲ့နှစ်ယောက်သား ဘယ်သွားကြတာတုန်း မတည့်ကြဖူးဆိုပြီး အခုတော့ ဘယ့်နှယ့်လဲ.. "
" မဟုတ်တာ.. ဒင်းနဲ့က မနွေ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး အခုတောင်ပြသနာဖြစ်ပြီးပြန်လာတာ "နွေဦး.. ဖြူ့ကို အကြောင်းဆုံးရှင်းပြလိုက်တော့ ဖြူ့ခမျာ အူပေါက်မတတ်ရယ်နေလေသည်။..
" အမလေး.. မနွေ ဖြူ တစ်ခုပြောပြအုံးမယ်.. အခု TV chanel မှာတတ်လာတဲ့သတင်း ကြည့်ပြီးပြီလား .. Model မေခတ္တာ နဲ့ ဖြူတို့ CEO တို့က ချစ်သူတွေတဲ့.. ဂျာနယ်တွေမှာရော ပလူပျံနေတာပဲ.. ဖြူတို့ CEO က gay ဆိုတာကို သိပ်အံ့သြစရာမရှိပေမယ့် ေမခတ္တာ ကတော့ လုံးဝကို အံံသြစရာပဲလေ... "
" ဘာ.....‼''
" အမလေး.. လန့်လိုက်တာ မနွေရယ် ..ပြီးတော့ မနွေက ခုမှ CEO gay မှန်းသိတာလား.. ဖြူတို့ဖြင့်သိတာကြာလှပြီ.. "
နွေဦး စောနက ဖြူ့ကို ဒီမနက်က ဖြစ်ကြောင်းကုန်စင်ကို မပြောပြမိ တကယ်တမ်းကျ အရမ်းရှက်စရာကောင်းသည်မို့ ပိုးဟပ်ပျံ ကိစ္စကိုပြောပါတယ်။
မပြောမိတာပဲ တော်သေးရဲ့.. နောက်မို့ဆို ဖြူတစ်ယောက် နွေ့ကို စနောက်လို့ပြီးမှာမဟုတ်။" ဒါဆို သူက gay ပေါ့.. "
" အင်းလေ.. ဒါပေမဲ့လည်း ဘာဖြစ်လဲ ဖြူတောင် CEO ရဲ့ကောင်မလေး ဖြစ်ချင်သေး.. ဒီလောက် အရပ်ရှည်ရှည် စတိုင်ကျကျနဲ့ တော်တယ် ထက်မြတ်တယ်.. ပြောလို့ရှိရင် ဒီတစ်နေ့ကုန်သွားလိမ့်မယ်.. heeeee "" ဟင်းးဟင်းး ဖြူကတော့နော်.. "
နှစ်ယောက်သားရယ်မောပြီးနောက် လုပ်စရာရှိတာများ ဆက်လုပ်နေကြတော့သည်။

YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomansaTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...