💛 - 17

686 68 4
                                    

မိုးပိတောက် POV

ကျွန်မ..နွေဦး ရုံးခန်းထဲ ဝင်လာတာတွေ့သည်မို့ အံ့သြသွားရသည်... သြော်..မနေ့ညက သူမကိုရုံးခန်းလာဖို့ပြောထားသည်ပဲ.. ပိတောက်..မေ့တော့မလို့..

ဒါနဲ့... သူက ဘာလို့ တံခါးကို Lock ချနေရတာလဲ.?

" နွေဦး... !? "

ကျွန်မခေါ်နေပေမယ့် သူမဘာတစ်ခွန်းမှပြန်မပြော.. ကျွန်မဆီသို့ဦးတည်လျှောက်လာနေလျက်..သူမမျက်ဝန်းတွေက ကျွန်မကိုသာစိုက်ကြည့်နေခဲ့သည်.

ဘာလဲဟ.. သူငါ့ကိုပါးရိုက်မလို့လာတာလားမသိ.. ခုနက ငါ Lift ထဲလုပ်မိတာ လွန်ထားတယ်လေ..အို...

ဒါပေမဲ့.. သူမ နောက်ထပ်လုပ်လိုက်တဲ့ အပြုမူက ကျွန်မကိုပိုပြီးအံ့သြစေခဲ့တော့တယ်..

နွေဦး.. ကျွန်မပေါင်ပေါ်မှာထိုင်လိုက်တယ်..⁉
နွေ.. ဘာတွေလုပ်နေတာလဲ..Wtf.. သူမ အပြုမူကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတဲ့ ကျွန်မဟာ.. သူမရဲ့ လက်ချောင်းလေးတွေနဲ့ကျွန်မရဲ့ပါးရိုး..ထို့မှတဆင့် ကျွန်မမေးဖျားလေးကိုလာထိပြီး ပိတ်ပေးတော့မှ သတိပြန်ဝင်မိတော့တယ်..

ကျွန်မ ရင်တွေခုန်နေရလွန်းလို့ အသက်ရူဖို့မေ့နေရတဲ့ကြား..သူမ..ကျွန်မနားထက်တိုးကပ်ပြီး ပြောလာတဲ့စကားက..

" Let's do it here.. ပိတောက် "

ကျွန်မ..မျက်လုံးတွေပါပြူးကျယ်သွားရတော့တယ်. သူမပြောလိုက်တာ.. " do it " တဲ့.. ကျွန်မကို သူနဲ့အတူနေဖို့ပြောနေတာတဲ့လား.. ဒီရုံးခန်းကြီးမှာလေ..

မိုးပိတောက် .. ချက်ချင်းပဲ ထိုင်နေရာကထရပ်လိုက်တာကြောင့် နွေဦး ကိုယ်လေး ဆက်ခနဲတုန်သွားတာတွေ့လိုက်မိသည်...
မိုးပိတောက် စားပွဲပေါ်က ရှိသမျှဖိုင်တွဲတွေ ပစ္စည်း တွေကိုလက်နဲ့ဆွဲယူချပစ်လိုက်ရင်း နွေဦးဆီကိုလှည့်ကြည့်လိုက်သည်.. ပြီးတော့

" မင်း..စပြီးရင် ပြန်နောက်ဆုတ်လို့မရဘူးဆိုတာသိတယ်မလား နွေ.. "

မိုးပိတောက်.. နွေ့ရဲ့မျက်ဝန်းတွေကိုကြည့်ရင်းပြောတော့..သူမကိုကြည့်ရတာတွေဝေနေသလို... ဒါပေမဲ့ မိုးပိတောက်အထင်မှားခဲ့သည်...

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now