" ရှင်သိရဲ့လား ရှင်ဘာလုပ်မိတယ်ဆိုတာကို..."
နွေဦး.. ငိုနေရင်းဖြင့် မိုးပိတောက်ကိုပြောလာသည်။ တကယ်တော့ မိုးပိတောက် တကယ်ကို ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိနေ... မိုးပိတောက် လုပ်ခဲ့တာက နွေဦး ကို အတင်းအဓမ္မ ပြုခဲ့သည်ကိုး...
" ရှင် ကျွန်မစိတ် ဆန္ဒ မပါပဲနဲ့ အတင်း အဓမ္မ ပြုခဲ့တာလေ.. ရှင်သာ ယောကျာ်းဆိုရင် ကျွန်မ ကိုယ်ဝန်ရလောက်တယ်ဆိုတာသိရဲ့လား.. ကျွန်မကံကောင်းချင်တော့ ရှင်ကမဟုတ်နေလို့ပဲ ဒါပေမဲ့ ဘာလို့ တစ်ထပ်တည်းခံစားနေရတာလဲ.."
နွေဦး ပြောလည်း ပြော.. ငိုလည်းငိုနေရင်း.. သူမ လက်လေးတွေပါ ဒေါသရော ဝမ်းနည်းတာရောကြောင့် တုန်ယင်နေသည်။
သူမကိုယ်ပေါ်က စောင်ကိုလည်း လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်း ကြပ်ကြပ်ကိုင်ဆွဲထားတော့သည်။
" ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မကို အတင်းအကြပ် အဓမ္မ ပြုပြီး ကျွန်မတန်ဖိုးထားရတဲ့အရာကို အရယူသွားခဲ့ပြီ..
ရှင်သိရဲ့လား.. ဒါက ဘယ်လောက်နာကျင်ရသလဲဆိုတာ.. ကျွန်မဘယ်လောက်နာကျင်ခံစားရမလဲ ဆိုတာရော ရှင်စဥ်းစားမိရဲ့လား.. မိုးပိတောက် "
ယခုချိန်မှာ နွေဦး ပြောသမျှကိုသာနားထောင်သည်က မိုးပိတောက်တစ်ခုတည်းသောလုပ်နိုင်သည့်အရာဖြစ်သည်။ မိုးပိတောက် စိတ်ထဲ ဘာမဆိုလုပ်ပေးချင်နေပေမဲ့.. ငိုနေသော နွေဦး ကိုကြည့်ရင်း ရင်ထဲ နာကျင်ရသည်။
နွေဦး တဖြည်းဖြည်း ငိုကြွေးရင်းကြာတော့ ရှိုက်သံပါပါရင်း ငိုလာတော့သည်။ မိုးပိတောက် ဒီအတိုင်းကြည့်မနေနိုင်တော့...
နွေဦး ကို ဆွဲပွေ့ယူရင်း.. ခုတင်ပေါ်ကို တင်ပေးမလို့ပြင်သည်။ သူမ အေးစက်နေတဲ့ကြမ်းပြင်ပေါ်မှာထိုင်နေတာကြာလှပြီ.. မိုးပိတောက် ဒီအတိုင်းမကြည့်ရက်နေနိုင်...
" ရှင်ဘာလုပ်တာလဲ.. လွှတ်.. ကျွန်မကို ချက်ချင်းလွှတ် "
မိုးပိတောက် ရုန်းကန်နေသော နွေဦး ကို ခုတင်ပေါ်အသာချပေးတော့ သူမကိုဖုံးလွှမ်းထားသည့်စောင်လေးကျကျန်ခဲ့၍... နွေဦး ပုခုံးသားပေါ်က သူမရဲ့ လက်အရာများကို ညိုမဲစွာနဲ့ မြင်ရသည်။ သူမရဲ့ လည်ပင်းသားတစ် လျှောက်နဲ့ ရင်ဘက်မှာ အညိုမဲအမှတ်တွေများစွာ...
YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...