မနက်ခင်း.. ၅နာရီ
" အား... ကျွတ်စ် ကျွတ်စ်.. ငါ့ခေါင်း... "
မိုးပိတောက် ခေါင်းကိုလက်ဖြင့် ဖိကပ်လျက် ညည်းတွားရင်းနိုးလာပေမယ့် မျက်စိကမဖွင့်နိုင်သေး.. ထိုစဥ် တစ်စုံတစ်ယောက်ရဲ့ ငိုသံကိုကြားရသောကြောင့်.. မနည်းခေါင်းကိုထူပြီးကြည့်နေရသည်။
ငိုသံက ပီပြင်လာသည်မို့ အိပ်ရာကထရင်းရှာကြည့်ဖို့အလုပ်... သူမကိုယ်က အေးနေသလိုခံစားရတာမို့ ကြည့်မိတော့ ဘာအဝတ်အစားတစ်ခုမှ မကပ်နေ..
စောင်ကို မ ကြည့်မိပြန်တော့ သူမ ဘာအတွင်းခံတစ်ခုမှလည်း ဝတ်မနေထား..Holy sh*ttttt... ငါဘာဖြစ်ခဲ့တာလဲ.. ငါ..
တွေးရင်းနဲ့မှ နောက်တစ်ခါ ငိုရှိုက်သံကိုကြားရတော့ သူမ ခုတင်ဘေးမှာ မိန်းကလေး တစ်ယောက် နောက်ကျောပေးပြီး ထိုင်လျက်သားငိုနေတာကို တွေ့မိတော့သည်။
" ဟို... ဒီက.. ည က ကျွန်မတို့ ဘာဖြစ်ခဲ့ကြတာလဲရှင့် ကျွန်မမူးနေလို့ လုံးဝမမှတ်မိတော့လို့ပါ ""................."
" ဟို.. စိတ်မပူနေပါနဲ့.. ကျွန်မရှင့်ကို ပိုက်ဆံပေးမှာပါ ဒါပေမဲ့ အငိုတိတ်ပေးလို့ရမလား "
မိုးပိတောက်က အရင်လိုပဲ Bar က ကောင်မလေးတစ်ယောက်ကို သူမ ကွန်ဒိုဆီ ခေါ်လာမိသည် အထင်နှင့်ပြောနေခြင်းပင်..သိုပေမဲ့ ငိုသံကတိတ်မသွားသည့်အပြင် ပို၍ပင်ကျယ်လောင်လာသည်။
ထိုကြောင့် မိုးပိတောက် ခုတင်ပေါ်မှဆင်းပြီး ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ သူမအက်ျီတွေကို ကောက်ဆွဲယူဝတ်ရင်း ထို မိန်းကလေး ရှိရာကို လာခဲ့သည်။
" ဒီက... ကျွန်မတကယ်ကို မမှတ်မိတာပါ.ညက တကယ်ကို အမူးလွန်ခဲ့တာမို့ လုံးဝ မမှတ်မိတော့တာ အဲ့ဒါ ကျွန်မရှင့်အပေါ် အမှားပြုခဲ့မိရင် ရှင့်အတွက် ထိုက်တန်တဲ့ ပမာဏတစ်ခုကို ကျွန်မပြန်ပေးဖို့ အသင့်ပါပဲ "
ထိုမိန်းကလေးက ခေါင်းကို ငုံ့ထားကာ သူမကိုယ်လေးကို စောင်တစ်ခုထဲကသာ အကာကွယ်ရှိပြီး ငိုကြွေးနေသည့်မို့ မိုးပိတောက် မည်သူမှန်းမသိရသေး ခင်မှာ ပြောနေတုန်း..ရုတ်တရပ် ထိုမိန်းကလေးက မိုးပိတောက် စကားကြောင့် ခေါင်းကို မော့် ကြည့်လာတော့...

YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...