နွေဦး POV
" ကျွန်မပြောချင်တာက... "
သူမ နှုတ်ခမ်းလေးကိုဖိကိုက်ရင်း ပြောရခက်နေတဲ့ ပိတောက်ကိုကြည့်ရင်း..
" Ahunmm "
" ကျွန်မ လိမ်ခဲ့တာလို့ ... မနေ့ညက ကျွန်မ နွေ့အပေါ်ခံစားချက်ရှိနေလားလို့ နွေမေးတုန်းက မရှိဘူးဆိုတာ .."
ပိတောက် စကားကြောင့် ကျွန်မသူမနဲ့အကြည့်ချင်းလွှဲလိုက်မိသည်.. ရင်တွေလည်းခုန်လာရသလို..ထိုခေါင်းစဥ်အောက် ထပ်မစဥ်းစားချင်ခဲ့.. စဥ်းစားတိုင်းနာကျင်ရသည်မို့ မေ့ပစ်ခဲ့ကာမှ.အခု သူမကိုယ်တောင် အစဖော်နေလေရဲ့..
" အဲ့ဒါက တကယ်ပါနွေ..ကျွန်မမှာ နွေ့နဲ့ပက်သက်ပြီးတစ်ခုခုခံစားနေရတာ ကျွန်မသိတယ် ဒါပေမဲ့ ~~~~ "
ပြောနေရင်း.. သူမ စကားကိုရပ်တန့်ပြန်သည်.. ကြည့်ရတာ.. ပိတောက်မှာ ဒီကိစ္စနဲ့ပက်သက်ပြီး တစ်ခုခုရှိမယ့်ပုံပင်.. သူမ ခံစားချက်ကိုထုတ်ဖော်ပြဖို့ခက်ခဲနေသလို..
" ဒါပေမဲ့ ဘာဖြစ်လဲ ~~ "
ကျွန်မ သူမမျက်ဝန်းတွေကိုကြည့်ပြီးမေးပြန်တော့..
" ဒါပေမဲ့.. ပိတောက် ဒါကိုပြောလို့မရဘူးဖြစ်နေတာ.. အဲ့ဒီ ခံစားချက်ကို. နှုတ်ကနေထွက်လာဖို့ ခက်ခဲနေသလိုကြီး နွေရာ... "
သူမပြောရင်း..ခေါင်းကိုငိုက်စိုက်ချလိုက်တော့သည်..
" ရှင် ဒါကိုပြောဖို့လိုသေးတာလား..ပိတောက် ~ "
ကျွန်မစကားကြောင့် ခေါင်းငိုက်စိုက်ချနေရမှ ချက်ချင်းပြန်မော့ကြည့်လာတဲ့ ပိတောက်ဆိုတဲ့ကောင်မလေးရဲ့ မျက်ဝန်းတွေဟာ တွေဝေနေသလို.. ကြောင်အမ်းအမ်းလေးဖြစ်နေလေရဲ့..
ဒါကြောင့်မို့ ကျွန်မ သူမရဲ့ ပါးလေးနှစ်ဖက်ကို လက်လေးနဲ့အုပ်ကိုင်ပြီး သူမမျက်ဝန်းတွေထဲကြည့်လိုက်တယ်ဆိုရင်းပဲ..
စောစောက သူမမျက်ဝန်းတွေဟာ..နွေးထွေးတဲ့အရောင်ပြောင်းသွားသလို.. သူမပါးပေါ်က ကျွန်မလက်တွေကို.. သူမလက်မလေးနဲ့ ပွက်သပ်နေလေရဲ့..
YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...