💕 - 24

624 62 3
                                    

နွေဦး POV

" နွေ.အကို့ကို ကူညီခွင့်ပေးပါ.. မိုးပိတောက်နဲ့ မပက်သက်ပါနဲ့တော့ နော်.. ".

" အကိုက ကူညီမယ်တဲ့လား..တကယ်လို့အကိုမကူညီနိုင်ခဲ့ရင်ရော.. နွေ... သူ့အကြောင်းမစဥ်းစားမိဘဲမနေနိုင်ရင်တောင်မှ အကို့အတွက်အဆင်ပြေလား "

ကျွန်မ ကိုတေဇ မျက်ဝန်းကိုကြည့်ရင်းပြောလိုက်သည်..

" ကျွန်မကိုယ် ကျွန်မတောင်မကူညီတာကို ကိုတေဇက ဘယ်လိုကူညီမှာလဲ.. နွေ တောင်းပန်ပါတယ် ကိုတေဇ.."

ကျွန်မထပ်ပြောရင်း.. ပုခုံးကိုဆုပ်ကိုင်ထားတဲ့သူ့လက်တွေကို ဖယ်ထုတ်ပစ်မိသည်..

" ဘယ်လို..ဘယ်လိုလုပ့် ကိုယ့်အပေါ်ထားတဲ့နွေ့ခံစားချက်တွေပြောင်းသွားရတာလဲနွေ.. သူမင်းကိုဘာလုပ်လိုက်တာလဲ "

ကိုတေဇ..မျက်ဝန်းတွေက မေးခွန်းတွေအပြည့်ဖြင့် မေးလာတော့

" နွေလည်းမသိဘူး ကိုတေဇ... ကျွန်မကိုယ်ကျွန်မ လည်း gay တစ်ယောက်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး..

တစ်မနက်မှာကျွန်မနိုးလာပြီးတော့.. မိုးပိတောက်ကြောင့် ကျွန်မရင်တွေအခုန်မြန်​ေနခဲ့တယ်ဆိုတာပဲ ကျွန်မသိတယ်.. "

ကျွန်မလက်ကိုတင်းနေအောင်ဆုပ်မိရင်း..သက်ပြင်းချကာဖြေမိသည်..

" နွေ..သူ့ကိုချစ်လား... ? "

ကိုတေဇ မေးခွန်းက တစ်ဖန်နွေ့ကို ဆွံ့အသွားစေပြန်သည်.. နွေ..သူမနဲ့သိခဲ့တာ ရက်ပိုင်းလေးတင်ရှိခဲ့ပေမယ့် .. နွေ သူမကို တစ်ဘဝလုံးသိလာခဲ့သလိုခံစားရသည်..

​နွေ.. သူမအကြောင်းအမြဲ တွေးမိသလို.. သူမ ဂရုစိုက်မှုကိုလည်းလိုချင်သည်. သူမ ​ကျွန်မတစ်ယောက်တည်းကိုပဲကြည့်တာ.. နမ်းတာ..ပွေ့ဖက်တာတွေ ပြီးတော့ သူမ ကျွန်မအပေါ် ဘယ်လောက်ထိရူးသွပ်သလဲ ဆိုတာတွေကိုပဲ လိုချင်မိသည်..

နွေ... မိုးပိတောက်ကို သိပ်ချစ်သည်.. ကိုယ့်ဘက်ကခံစားချက်က သေချာသည်မို့.ဒီမေးခွန်းက နွေ့ကို မေးသင့်သည်မဟုတ်.. တကယ်တမ်းက ကိုတေဇ..မိုးပိတောက်ကိုမေးသင့်သည့်စကား...

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now