💛 - 14

730 64 2
                                    


4:50 pm

ပိတောက်.. နွေဦး ကိုအိမ်ပြန်လိုက်ပို့ပေးမယ်လို့ဆိုပေမယ့်.. နွေဦး ငြင်းခဲ့သည်.. နွေ့မှာ ကားလည်းပါလာသည်. ပြီးတော့ သူမနဲ့ အတူရှိနေရင်ပို၍ အန္တရယ်များလွန်းသည်..

နွေဦး ကိုယ်တိုင် မထင်မှတ်ထားတဲ့ ကိစ္စတွေကို သူမနဲ့အတူရှိနေတိုင်းလုပ်နေမိသည်မို့ .... ပြီးတော့ နွေတို့ကရော ဘယ်လိုလဲ.. နွေနဲ့မိုးပိတောက် တစ်ယောက်ကိုတစ်ယောက် အနမ်းတွေမျှဝေကြတယ်..အတူတူလည်းနေခဲ့ကြပြီးပြီပေမယ့် နွေတို့ရဲ့ပက်သက်မှုကို ခေါင်းစဉ်တပ်စရာ မရှိနေသေး...

နွေ.. အလုပ်ဆင်းချိန်ရောက်ပြီမို့ ပစ္စည်း တွေသိမ်းရင်း အိမ်ပြန်ဖို့ပြင်ဆင်နေသည်.. နွေ.. ဒီည.. side line လုပ်ဖို့ရှိသည်.. မိုးပိတောက် နဲ့ ကိစ္စကြောင့် ဒီအလုပ်ကိုနားထားရတာကြာလှပြီ.. မမ ဆေးဖိုးနဲ့ အိမ်စရိတ်အတွက် အပိုငွေရှာရပေမည်..

ဟွန်း.. မိုးပိတောက် ကောင်းကျိုးနဲ့ ငါတော့ သင်ခန်းစာ ကောင်းကောင်းရတာပဲ နောက်ဆို.. ဘယ်သူ့ကိုမှ မသနားမိတာအကောင်းဆုံး..

" အဟမ်း... ''

"အမလေးတော့... "

နောက်က ချောင်းဟန့်လိုက်သံကြောင့် နွေရော..  နွေ့အနားမှာထိုင်နေတဲ့ ဖြူရော လန့်သွားတော့သည်..

" အို..  ကိုတေဇ.. လန့်လိုက်တာ.."

" အိုဟိုး... sorry ပဲ... အကိုက ဒီနေ့ညနေ အလုပ်ဆင်းရင် အကိုတို့ ဌာနကလူတွေနဲ့ တစ်ဝိုင်းစားကြမလားလို့..  နွေရော ဖြူရောကို လာခေါ်တာ.."

ကိုတေဇ သူ့ခေါင်းလေးကိုအသာ ကုတ်နေရင်းပြောလာတော့... ရှက်နေတဲ့ ကိုတေဇကို နွေ..အချိန်တန်ကြာစိုက်ကြည့်နေမိသည်..

တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်ကောင်းတဲ့ ကိုတေဇဟာ.. နွေ.. အနှစ်နှစ်အလလ တိတ်တခိုးချစ်ရသူ ပါ.. ဟုတ်တယ်.. အခုထိကို နွေ ချစ်နေရတုန်းပဲလေ.  ဟုတ်တယ်မလား.နွေ....ဒါမှမဟုတ်?????

နွေ စိုက်ကြည့်နေတာကို ရိပ်မိသွားတဲ့ကိုတေဇဟာ နွေ့ကို အကြည့်ချင်းတောင်မဆုံရဲတော့ပဲ ခေါင်းကိုသာငုံ့နေလေတော့သည်.. ဟုတ်တယ်.နွေ..နင် ကိုတေဇကို ချစ်​ေနတုန်းပဲ
အို.. ငါဒီနေ့ sideline အလုပ်ကို ရွေ့လိုက်ပြီး ကိုတေဇတို့နဲ့လိုက်သွားတာကောင်းမယ်.. မိုးပိတောက် ကြောင့် နောက်ကျိနေတဲ့ငါ့စိတ်တွေကို ဖြေရှင်းရတာပေါ့...

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now