" ဟယ်လို.. ဟန်နီလား.. "
" ဟေး... ပိတောက်မ... ဘာကိစ္စလဲ.. မနက်အစောကြီးကိုဟာ..."
" ဟန်နီ... ငါနင့်အကူညီလိုလို့ဟ.. အခု ငါအိမ်မှာ ကောင်မလေး တစ်ယောက်.. ကိုယ်အပူရှိန်မြင့်ပြီး အပြင်းဖျားနေလို့... ငါဘယ်လိုလုပ်ရမလဲ "
မိုးပိတောက် သူငယ်ချင်းကို မေးရင်း နွေဦး မျက်နှာလေးကိုကြည့်နေမိသည်။.. သူမ နွေ့အပေါ် အရမ်းလွန်ကျူးအောင်လုပ်ခဲ့မိသည်ကိုး....
" ဟမ်... နင့်အခန်းထဲမှာ ကောင်မလေးတစ်ယောက်ရှိနေပြန်ပြီးလား... နင် နောက်ထပ်တစ်ယောက်နဲ့ထပ်အိပ်ပြန်ပြီလားဟဲ့.. ပြီးတော့ ကောင်မလေးကဖျားတောင်ဖျားတယ်ဆိုတော့ နင်အတော်များတာပဲ ပိတောက်မ... "
ဟန်နီဆိုသည်က ပိတောက်ကို အတွင်းသိအဆင်းသိ..တက္ကသိုလ်ရောက်မှပေါင်းပေမယ့် ငယ်ပေါင်းကြီးဖော်လို ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေလေ... ပြီးတော့ အသွင်တူ အဆင်တူမို့ ေပါင်းရလွယ်သူဖြစ်သည်။... 😏
" မေးခွန်းတွေ ခဏထားပြီး ငါမေးတာအရင်ဖြေစမ်းပါဟ.. "
"ဟဲ့.. ငါ့ကို နင့်အကူများမှတ်နေသလား.. တကတည်းမှပဲ... ကောင်မလေးက ဖျားနေတာဆိုတော့.. သူ့အတွက် ေသာက်ဖို့ဆေးဝယ်ပေး.. ပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံးကို ရေပတ်တိုက်ပေးနေ.. ပြီးတော့ သူနိုးလာရင်စားဖို့ ဆန်ပြုတ်လည်း ပြုတ်ထားပေးအုံး.. ဒါနဲ့... အဲ့လိုမှမသက်သာသေးပဲ.. သူမ အေးသလိုခံစားလာရရင်.. နွေးနွေးထွေးထွေးလေး ဖြစ်အောင် အသာကုန်သာ ဖက်ထားပေးပေတော့.. ငိငိ "
မိုးပိတောက်.. ဟန်နီ့ရဲ့ စနောက်နေမှုကို.. သတိမထားနိုင်..
" အို... ဟုတ်ပြီ.. bye ဟန်နီမ "
မိုးပိတောက် ဖုန်းချပြီးတာနဲ့.. ရေချိုးခန်းဘက်ကို အပြေးလေးလာရင်း.. ရေဇလုံထဲ ရေအေးလေးထည့်ပြီး ပဝါတစ်ထည်နဲ့ နွေဦး ဆီပြန်လာခဲ့သည်။..
ရေထဲ ပဝါကိုနှစ်ပြီး ရေပြန်ညှစ်ချ... ရေစစ်သွားတော့ နွေဦး မျက်နှာလေးကို သေသေချာချာ ညှင်သာစွာသုတ်ပေးနေမိသည်။.. ပြီးတော့ သူမလည်ပင်း.. လက်လေးတွေတစ် လျှောက်ကို... ရေပက်တိုက်ပေးနေမိသည်....

YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...