နွေဦး POV
စားသောက်ဆိုင်စားပွဲပေါ်က ကျန်ခဲ့တဲ့ ကျွန်မ ပစ္စည်း တွေသိမ်းဖို့ ကျွန်မအပြေးလာခဲ့ရင်း.. ထွက်သွားဖို့လုပ်လေတော့ ဖြူက..
" မနွေ.. ဒါက ဘယ်လဲ..ပြန်တော့မလို့လား... အမ "
ကျွန်မကို ကြည့်ရင်းအော်ခေါ်နေလေတဲ့ ဖြူ့ကို ပြန်မဖြေခဲ့မိ.. ကျွန်မ ငိုနေတာကို မည်သူ့ကိုမှ မမြင်စေချင်လို့ ခေါင်းကိုသာ ငိုက်စိုက်ချရင်း.. ထိုနေရာနဲ့ ဝေးနိုင်သမျှကျွန်မ အပြေးထွက်ခဲ့တော့သည်။
ကျွန်မဘာလို့ သူမအရှေ့မှာ ငိုခဲ့ရတာလဲ.. ဘာလို့ထပ်ပြီးငိုခဲ့ရပြန်တာလဲ.. ဟုတ်တယ်. စောစောက သူမ ပြောခဲ့တဲ့စကားကြောင့် နွေ့ ရင်တွေ ပေါက်ကွဲလုမတတ်နာကျင်ခဲ့ရတာပါ... သူမ မငြင်းလိုက်ခင်အချိန်ထိ ကျွန်မကိုယ် ကျွန်မလည်း သူ့ကို ချစ်နေမိမှန်းမသိခဲ့ရိုး အမှန်...
အခုတော့ ..... အခုတော့ သူက ကျွန်မမျက်ဝန်းထဲထိသေချာကြည့်ပြီး ကျွန်မအပေါ်ခံစားချက်တစ်စုံတစ်ရာမရှိဘူးတဲ့လား.. ရင်ထဲကို ဓားချက်ပေါင်းများစွာထိုးနှက်သလိုခံစားရတယ်.. ပိတောက်ရယ်..
ကျွန်မအပေါ် ကျွန်မရှင့်ကိုချစ်သလိုရှင့်ဘက်ကမရှိရင်တောင် ကျွန်မထက်တော့ မနည်းပါဘူးလို့ ထင်ခဲ့ရတာလေ.. အခုတော့.. ကျွန်မကသာ..ရူးသွပ်ခဲ့တာပေါ့...
အား...... ကျွန်မကရော..သူမလို နှာဘူးပဲကျပြီး.. အမြဲတမ်းတွေ့ရာလူနဲ့ အိပ်ချင်နေတဲ့သူကို ဘာတွေမျှော်လင့်နေမိတာလဲ.. အဲ့ဒီညက ဖြစ်ခဲ့တာကလည်း သူမ အမူးလွန်ပြီးမှားခဲ့တာပဲ..
ပြီးတော့ နောက်ပိုင်းနွေ့အပေါ် ချိုသာလာခဲ့တာတွေက သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားရလို့ပဲ နေမှာလေ..
နင်က..အရူးပဲ နွေဦး.. နင့်အပေါ်အနိုင်ကျင့်ပြီး.. အတင်း အဓမ္မ ပြုခဲ့တဲ့သူကိုမှ ချစ်မိရတယ်လို့...သူကရောနင့်ကိုတကယ် အဓမ္မ ပြုခဲ့တာရော ဟုတ်လို့လား နွေဦးရယ်....
" နွေဦး... "
ကျွန်မလှည့်မကြည့်ပါ.. ခေါ်သံကြောင့် ကိုတေဇမှန်းသိပေမယ့် သူ့ကို ကျွန်မငိုနေတာ မမြင်စေလို..
YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...