💛 - 22

598 52 0
                                    

ကျွန်မစကား​ကြောင့်.. မြတ်နိုး..ခနဲ့တဲ့တဲ့ရယ်လိုက်ရင်းပြောတော့သည်.. ဒါပေမဲ့ ဟန်နီက

" အဲ့ဒါ ကြောင့် နင့်ကိုယ်နင် ရူးတော့မယ်လို့ပြောတာလားး."

" မဟုတ်ဘူး ဟန်နီ..အဲ့ဒါ ထက် ငါ့ကိုတွေဝေ​ေစတာတစ်ခုက.. ငါ..သူ့နဲ့အတူရှိနေရတာကို နှစ်သက်နေမိတာပဲ..

ငါ အမြဲတမ်းသူ့နဲ့အတူရှိချင်သလို.. သူပြောမယ့်စကားတိုင်းကိုလည်းနားထောင်နေချင်မိတယ်. ပြီးတော့ တစ်ခုက ငါသူ..ကောင်လေးတစ်ယောက်နဲ့နမ်းတာတွေ့ခဲ့တုန်းကလည်း တစ်မျိုးကြီးခံစားရပြီးပြီး.. ပြီးတော့ အဲ့ကောင်ကို သတ်ပစ်ချင်လောက်အောင် လည်း ဒေါသထွက်ခဲ့ရတာ..

နောက်ပြီးတစ်ခုက.. ငါ..သူ့ရဲ့အရာရာတိုင်းဖြစ်ချင်တယ်..ငါသူ့ကိုပိုင်ဆိုင်ချင်တယ်. သူ့ဂရုစိုက်မှု.. သူ့အပြုံး.. အိုကွာ.. ငါရူးတော့မယ်ထင်တယ်.. ငါ့ကိုယ်ငါ ဘာလို့ ဒီလိုခံစားနေရမှန်းလဲ ငါနားမလည်တော့ဘူး.. "

ကျွန်မစကားအဆုံးမှာ ဟန်နီရော မြတ်နိုးရော နှစ်ယောက်သား အပြန်အလှန်ကြည့်နေကြပြီးမှ တစ်ခါ ကျွန်မဘက်လှည့်လာကာ..ဟန်နီက

" ဟေး.. ပိတောက်.. တစ်ခုဖြစ်နိုင်တာက..နင်အဲ့ကောင်မလေးကိုချစ်နေတာပဲ ဟ "

ကျွန်မ ဒီစကားလုံးကိုမုန်းမှန်းသိသည်မို့.. ဒေါသမထွက်စေဖို့ တိုးတိုးသာသာပြောလာမှန်းကျွန်မသိလိုက်သည်.. သူမ မမှားပါ..
အခုလည်း ကျွန်မ ဒေါသထွက်လာရသည်..ဒီမုန်းတဲ့စကားလုံးကိုပဲ ပြောနေကြသည်လေ..

" ကျွတ်စ်... မသေချာမရေရာပဲ ငါ့ကို အဲ့စကားထပ်မပြောနဲ့ ဟန်နီ. .လုံးဝမဖြစ်နိုင်ဘူး "

ပြောရင်း.. ကျွန်မလက်တွေကို တင်းတင်းဆုပ်ထားမိသည်..

" ဘာ.. မသေချာမရေရာပဲနဲ့..ဟုတ်လား မိုးပိတောက်. ..

ဒါကအမှန်ပဲ..နင် အဲ့ကောင်မလေးကိုချစ်နေတာ..ဒါပေမဲ့ မဟုတ်ရင်တော့ အကောင်းဆုံးပေါ့.
ဘာလို့လည်းဆိုတော့ .. နင်က အဲ့ကောင်မလေးနဲ့မတန်လို့ပဲ. 

နင်..သူ့ကိုစော်ကားခဲ့ပြီးမှ နင်သူ့ကိုချစ်နေလို့ရမလား..နင်သူ့အပေါ်ကောင်းပေးလို့တော့ရမယ်..ဒါပေမဲ့ ချစ်ဖို့ဆိုတာကတော့.  နင့်မှာဘာအခွင့်အရေးမှမရှိဘူး ပိတောက်!! "

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now