" အ့.... oh my god.. ''
နွေဦး.. အကျောဆန့်ရင်း နာရီကြည့်မိတော့ နေ့လည်စာစားချိန်ကျော်သွားပြီး ၂နာရီနီးပါးဖြစ်နေပြီ ဒါပေမဲ့ စားပွဲပေါ်က ဖိုင်တွဲတွေက တစ်ဝက်တောင်မလျော့သေး ထိုအချိန်မှာပဲ..
" နွေ... အကို မင်းအတွက် sandwich ယူလာခဲ့ပေးမယ် ဖြူကပြောတယ် နွေ နေ့လည်စာမစားဖြစ်ဘူးဆိုလို့.. ဒီမှာ.. ''
နွေဦးကို မုန့်လည်းကမ်းပေးရင်း ခေါင်းငုံ့ကာ မျက်နှာကြီးနီမြန်းနေသော ကိုတေဇ ကြောင့် နွေ့ရင်တွေ အခုန်မြန်လာသည်။
ကိုတေဇကို ချစ်နေခဲ့သည်မှာကြာပြီဖြစ်သော်လည်း မိန်းကလေးမို့ ပြောဖို့ အခွင့်မသာခဲ့လေ.. အခုတော့ ကိုတေဇက နွေ့ စိတ်တွေကို ပိုပြီးလှုပ်ရှားစေအောင်ပြုနေသလိုလို..." အဟွန့် ဟွန့်... ဖြူလည်းရှိပါတယ်ရှင့်.. ''
" သိပါ့ခင်ဗျာ ဟား...ဟားးး.ဟားး.. ''ကိုတေဇ ရှက်ရမ်းရမ်းရင်းအော်ရယ်နေတော့
နွေ့အကြည့်တွေကို ကိုတေဇဆီမှ ရုတ်သိမ်းရင်း ဖြူ့ကို လှမ်းရိုက်ရသေးသည်။
ဖြူကတော့ တကယ် အနောက်လေးပါပဲ............................
နွေ အလုပ်ဆက်လုပ်နေရင်း နာရီကြည့်မိတော့ ညနေ ၆နာရီရှိပြီ ပုံမှန်ဆို ၅နာရီ အလုပ်ဆင်းရပေမယ့် နွေလုပ်ရမယ့် ကိစ္စ မပြီးပြတ်သေး၍ အခုထိ အလုပ်မဆင်းရသေး.. လုပ်လက်စ နောက်ဆုံး တစ်ခုဆီ mail ပို့ပြီးတာနဲ့ အလုပ်သိမ်းဖို့ပြင်ရင်း ဒင်း ရုံးခန်းဘက်ကို ကြည့်တော့ မီးက အခုထိမပိတ်ထားသေး..
သူမ အကြောင်းပြောမှ နွေဦး သတိထားမိသည်။ နေ့လည်က ထမင်းစားဆင်းတာလည်း မတွေ့မိ. အခုထိလည်း ရုံးခန်းက တစ်ဖဝါးမှမခွာသေး. ကွန်ပျူတာ ရှေ့မှာထိုင်နေရင်း ကုန်းရုန်းအလုပ်လုပ်နေတာကိုသာတွေ့ရသည်။ ဒါကြောင့်လည်း ငယ်ငယ်လေးနဲ့ CEO တောင်ဖြစ်လာရတာပဲလေ. သူမအလုပ်ကြိုးစားတာကတော့ နွေဦး တကယ်ကို အသိအမှတ်ပြုမိသည်။ စိတ်ထားလေးကလွဲလို့ပေါ့..
နွေဦး အလုပ်ဆင်းဖို့ပြင်ပြီးသည်နှင့် CEO ဆီအကြောင်းကြားဖို့သွားတော့...ဒေါက် ဒေါက်
" ဝင်လာခဲ့ပါ "
ဝင်လာပါလို့သာပြောသော်လည်း နွေဦး ကို တစ်စက်လေးမှမကြည့် ကွန်ပျူတာပေါ်ကိုသာ အာရုံစိုက်နေသော လူထူးဆန်းမလေး..
YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...