💔 - 26

1.8K 83 11
                                    


နွေဦး POV

Inside the car

မိုးပိတောက် ဒီနေ့လည်း ကျွန်မကို လာကြိုသည်.. ဒါပေမဲ့. တစ်ခုက လမ်းတစ်လျှောက်လုံး ကျွန်မကို ကြည့်နေတဲ့ သူမ မျက်ဝန်းတွေက မေးခွန်းတွေ အပြည့်နဲ့ လိုလို...

မမကို မသူဇာတို့အိမ်လိုက်ပို့အပြီး.. ကျွန်မကို သူမတစ်စုံတစ်ခုလှမ်းပေးလာသည်မို့

" ဒါကဘာလဲ  ~ "

ကျွန်မသူမကို မေးမိသည်..

" ဗီတာမင်နဲ့ အကိုက်အခဲပျောက်ဆေး.. နွေ ~ "
သူမ ပြန်ဖြေပြီးသည်နှင့် ကားကိုပြန်နှိုးရင်းအလုပ်သွားတဲ့လမ်းကိုမောင်းခဲ့ပြန်သည်..

" ဘာလို့ ပေးတာလဲ ပိတောက်ရဲ့ ~ "

ကျွန်မ သူမကိုပြန်ဖြေရင်း အိတ်ထဲကိုကြည့်မိတော့ ဗီတာမင် ၃ ဗူးနဲ့ အကိုက်အခဲပျောက်ဆေး ၁ ဗူး.. အကိုက်အခဲပျောက်ဆေးက အထူးသဖြင့် ကြွက်သားနာကျင်မှုအတွက်ဆေး..

" အများကြီးပဲ ပိတောက်ရဲ့.. ဘာလဲ ကျွန်မကို ဆေးတွေအလွန်အကျွန်သောက်ခိုင်းနေတာလား.. ဟားဟားဟား.. "

ကျွန်မ သူမကိုစရင်း ရယ်မိတော့..

" မဟုတ်ပါဘူးကွာ.. ဆေးတွေက မမမြရော မမသူဇာအတွက်ပါ ပါတယ်.. ဗီတာမင်က သောက်ပေးရမယ် နွေ အဲ့ဒါက အရေးကြီးဆုံးပဲ.. တစ်နေ့တစ်လုံးပုံမှန်သောက်ပေး.. ပြီးတော့ အဲ့ဒီအကိုက်အခဲပျောက်ဆေးက နွေ ကြွက်သားနာတာပဲ ဖြစ်ဖြစ် ဘယ်နေရာပဲနာနာသောက်ဖို့အတွက်.."

" Wow... ရှင် ကျွန်မအတွက်အရမ်းတွေးပေးခဲ့တာပဲ .. ကျေးဇူးအများကြီးတင်ပါတယ် ပိတောက်ရဲ့.. ဒါပေမဲ့ ရှင်အဲ့လိုလုပ်ပေးဖို့မလိုပါဘူး.. ဒီမှာကြည့် နွေက အဆင်ပြေတယ်.. ပြီးတော့ ကျန်းမာ... "

ကျွန်မ စကားပင်မဆုံးလိုက်.. သူမ လက်ညိုးနဲ့ကျွန်မနှုတ်ခမ်းပေါ်ကိုဖိကပ်လိုက်သည်မို့ ရုတ်တရပ်လန့်သွားရသည်.

" နွေဦး..ရှင်နောက်တစ်ခွန်းထပ်ပြောရင်.. ကျွန်မရှင့်ကိုဖက်နမ်းပစ်မှာနော် "

သူမ ကျွန်မကိုစူးစူးရဲရဲ ကြည့်ရင်းပြောလာသည်.. နေပါအုံး ဒါက ခြိမ်းခြောက်နေတာလား.. ကျွန်မ သဘောကျစွာနဲ့ ပြုံးလိုက်မိတော့ သူမက တစ်ခါ..

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now