မိုးပိတောက် POV
သူငါ့ကိုမရပ်တန့်စေခဲ့သလို့ ငါလည်းမရပ်တန့်နိုင်ခဲ့ဘူး.. ငါသူ့ကိုအတင်းအကြပ်နမ်းခဲ့တာမဟုတ်သလို.. သူငါ့ကိုလိုလိုလားလားခွင့်ပြုပေးခဲ့တာ.. သူ့ရဲ့မျက်ဝန်းတွေက အမှန်အတ်ိုင်းပြောနေခဲ့တာပဲ....
"ပိတောက်.. "
ခတ္တာ ခေါ်သံကြောင့် မိုးပိတောက် အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည်. ခတ္တာ.. မိုးပိတောက် ရှေ့က ရပ်လိုက်ရင်း
"သူက ဘယ်သူလဲ.. ပိတောက်နဲ့ ဘယ်လိုပက်သက်နေတာလဲ "
" ဘယ်သူ့ကိုပြောတာလဲ "
ပိတောက်မသိချင်ယောင်ဆောင်ပြီးပြောတော့
" ငါ့ကို မညာနဲ့ ပိတောက်.. နင် စောစောက အနောက်ကနေပြေးလိုက်သွားတဲ့ ကောင်မလေးလေ "
ခတ္တာ သူမကို မျက်စောင်းထိုးကာ ပြောလာတော့
" သြော်.... သူက ဒီက ဝန်ထမ်းပါ "
" ငါ..သူနင့်အတွက် sandwich ယူလာခဲ့ပေးတာ ငါမြင်တယ်... ဝန်ထမ်းဆိုပြီး ဘာလို့အဲ့လိုကအစလုပ်ပေးနေရတာလဲ.. နင်ပြောလို့လား ဒါမှမဟုတ် သူ့ဘာ့သာဝယ်လာခဲ့တာလား.. "
ခတ္တာ ရဲ့မေးခွန်းတွေကြောင့် မိုးပိတောက် စိတ်မရှည်နိုင်စွာနဲ့ သက်ပြင်းချ... ခါးကိုထောက်ကာ သူမဘက်လှည့်ကြည့်ရင်း...
" ဒီမှာ.. မေးခွန်းတွေကိုရပ်လိုက်တော့.. ငါက နင့်... ရည်းစားလည်း..မဟုတ်ဘူး.. ငါ့ဖြစ်သမျှ ကိစ္စအရာရာကို ဘာလို့နင့်ကိုတင်ပြနေရမှာလဲ .. "
မိုးပိတောက် ပြောရင်း.. သူမရှေ့က ဖြတ်လျှောက်လာခဲ့တော့.. ခတ္တာ က သူမ ဆက်မသွားနိုင်တော့အောင် ပိတောက်ကို နောက်က သိုင်းဖက်ထားရင်း...
" ငါ..ငါ တောင်းပန်ပါတယ် ပိတောက်ရယ်.. ငါ့ကို စိတ်မဆိုးပါနဲ့.."
" ငါ စိတ်ဆိုးနေတာမှမဟုတ်တာ "ပိတောက် ဘာခံစားချက်မှမရှိသလိုပြန်ဖြေတော့
"ပိတောက်... နင်သိရဲ့လား.. ငါအရမ်းမနာလိုဖြစ်မိတယ်..ငါ့မှာ မနာလိုဖြစ်ရအောင် ဘာအခွင့်အရေးမှမရှိမှန်းသိနေပေမယ့် ငါမတတ်နိုင်ဘူး ပိတောက်ရယ်.. "

YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomansaTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...