💛 - 12

776 72 4
                                    

" ဘာလဲ.. ပိတောက်.. ဘာဖြစ်လို့မေးနေရသေးလဲ.ဒီမှာ ငါမဟုတ်ပဲ နင်မျှော်နေတဲ့သူ ရှိလို့လား...  "

မေခတ္တာ ... မိုးပိတောက်ကိုတော့ နောက်ကနေဖက်ထားရင်းဖြင့် မျက်ခုံးလေးကို ကွေးနေအောင်ကြုံ့ရင်း မေးလာတော့..
မိုးပိတောက် သက်ပြင်းချမိရင်း.. ဒါနဲ့သူက ဘာဖြစ်လို့ ဒီကိုရောက်နေရပြန်တာလဲ မလာပါနဲ့လို့ပြောထားရဲ့သားနဲ့.. ခေါင်းမာတဲ့ကောင်မလေး. အင်းလေ.. မိုးပိတောက် သူကနင့်သူငယ်ချင်း..  နင် ငယ်ငယ်လေးထဲကပေါင်းလာတဲ့သူငယ်ချင်း အခုမှ ခေါင်းမာတာမဟုတ်တော့ မဆန်းပါဘူး. 

" ဒါနဲ့ နင် ဒီလိုဘာဖြစ်လို့ လာပြန်တာလဲ.. ငါမလာနဲ့လို့ပြောထားပြီးသားလေ "

မိုးပိတောက် သူမကိုသိုင်းဖက်ထားတဲ့ မေခတ္တာ လက်လေးတွေကို ဖယ်ရှားရင်း သူမအလုပ်စားပွဲဆီ ပြန်လာထိုင်တော့.. မေခတ္တာ ကနောက်မှ လိုက်လာရင်း..

" ကိုယ့်ကောင်မလေးဆီအလည်လာတာလေ.. မလာပဲဘယ်နေလို့ရမှာလဲ... ပြီးတော့ ငါနင့်ကိုအခုလို ဖက်တာလည်း ဟိုးအရင်ထဲက လုပ်နေကို..ခုမှ.. "

မေ ခတ္တာ နှုတ်ခမ်းလေးစူရင်း ပြောတော့သည်..

" ငါက နင့်ကောင်မလေးမဟုတ်ဘူး ခတ္တာ.. ငါတို့ ဒီကိစ္စကို ပြောပြီးပြီလေ .. ဒီလိုမှမဟုတ်ရင် နင် ငါ့ဆီကိုမလာပါနဲ့ "

မိုးပိတောက် ဒီလိုပြောတော့မှ မေခတ္တာ မျက်စောင်းထိုးရင်း

" အင်းပါဟာ.. အင်းပါ.. နင်ကငါ့ကောင်မလေး မဟုတ်ဘူး.. ရပြီလား.. ဒီမှာ နင့်အတွက်နင်ကြိုက်တတ်တဲ့ ဆူရှီ ဝယ်လာခဲ့တယ်.. နေ့လည်စာ စားချိန်ကလွန်နေပြီ အခုထိမစားရသေးတာမလား.. အလုပ်ပဲလုပ်မနေပဲ ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်အုံး... "

ပြောရင်းနှင့်.. မေ ခတ္တာ.. သူမဝယ်လာသည်များကို မိုးပိတောက်ရှေ့တွင်ချလာပေးတော့.. တစ်နေကုန်အတွေးတွေနဲ့ စားဖို့မေ့နေတဲ့ မိုးပိတောက် ဆူရှီလည်းမြင်ရော စားချင်စိတ်တွေဖြစ်လာတော့သည်..

ဂွီ....

" ဟော... ကြည့်ပါရောလား.. အသံတွေတောင်ထွက်လာလို့ ဟ ဟ ဟ... စားတော့ ပိတောက် မြန်မြန်..  နင့်ဗိုက်လေး သနားပါတယ် "

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now