Before Lunch Break
နွေဦး POV
အို.. နွေတို့ တကယ်လုပ်ခဲ့မိကြတော့မလို့..
ရုံးခန်းထဲက ကိစ္စကိုပြန်စဥ်းစားမိရင်း နွေတစ်ယောက်ထဲအရှက်ပိုနေမိသည်.. တကယ်တမ်း မိုးပိတောက်နဲ့အတူနေဖို့ဆိုတာ အမှန်တော့ နွေဦး အတွက်နောက်ထပ်စွန့်စားခန်းတစ်ခုပင်.. ထိုနေ့ညက နှစ်ဦးသားဖြစ်ခဲ့ကြတဲ့ ကိစ္စကို နွေဦး အခုထပ်ထိမမေ့ပစ်လိုက်နိုင်သေး
နာကျင်မှုနဲ့ထိတ်လန့်မှုတွေအပြင်.. တခြားသောအကြောင်းရာတစ်ခုကြောင့် နွေဦး ထိုနေ့ညကို မေ့ပစ်ခိုက်ဖို့ခက်နေခဲ့သည်...
ဒီလိုသာဆို.. ငါသူ့ကိုဘယ်လိုလုပ် ငါ့ကိုချစ်လာအောင်လုပ်နိုင်မှာလဲ.. သူ့အားနည်းချက်ကို ရှာရမှာကို သူက ငါ့အားနည်းချက်ကိုသိနေလို့မဖြစ်ဘူးမိနွေ.. ဟူးးးးးးးး
အခုလည်း.. နွေဦး သူမရုံးခန်းဘက်ကိုလှမ်းကြည့်မိတော့.. သူမမှန်ပြတင်းလေးတွေက နေကာတွေကာထားခြင်းမရှိနေတော့.. စောစောက ရုံးခန်းထဲ သူမကို နွေအမြဲတမ်းမြင်ချင်တာမို့ နေကာတွေမကာထားဖို့ပြောခဲ့တာကို နားထောင်နေလေရဲ့..ရှင် ကျွန်မကိုဘယ်လိုလုပ်ဖို့စဥ်းစားနေတာလဲ မိုးပိတောက်..
ပြီးတော့ ရှင်ပြောခဲ့တဲ့စကားက ကျွန်မကိုတွေဝေစေနေမိပြီ.." ကျွန်မ.. ကျွန်မ. နွေ့ကိုထပ်ပြီးနာကျင်အောင်လုပ်မိမှာစိုးတယ် နွေ.. "
ထိုစကားက နွေ့နားထဲတဝဲလည်လည်ရှိနေလျက်...
ဟင့်အင်း.. ငါသူ့စကားထဲပါသွားလို့မရဘူး.. ဒါကလည်းသူ့ရဲ့မာယာများတဲ့စကားပဲဖြစ်ရမယ်.. နင် ဒီကစားပွဲမှာရှုံးလို့မရဘူး မိနွေ...
•••••••••••••••••••••
At Lunch
" အမလေး... ဖြူ.. နွေ့ကိုဘယ်ခေါ်သွားမလို့လဲ.. ဖြေးဖြေး.."
ဖြူ.. နွေဦးလက်ကိုအလောတကြီးဆွဲရင်း တစ်နေရာသို့ အလျင်အမြဲဆွဲခေါ်နေတာကြောင့် နွေပြောရသေးသည်.. ဒီကလေးမနှယ်..
" မနွေ.. ဖြူ့ကိုရှင်းပြစရာတွေအများကြီးရှိတယ် .. သူငယ်ချင်းဖြစ်တဲ့ ဖြူ့ကိုမှမပြောရင်.. မနွေဘယ်သူ့ကိုပြောမှာလဲ.. "

YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomantikTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...