💛 - 4

828 73 0
                                    

အချိန်ကိုက်ပေးထားသော alarm အသံကြောင့် နွေဦး နိုးလာခဲ့သည်။
မမ အခန်းဘက်ကိုကြည့်တော့ အိပ်မောကျနေဆဲဖြစ်တာကြောင့် မမ မနိုးခင် မနက်စာကို အပြီးပြင်ဆင်ထားလိုက်သည်။
နွေဦး တမင်ပဲစောစောထဖြစ်ခြင်းဖြစ်သည်.
နွေဦး လူ့ခွစာ CEO နဲ့ထပ်ပြီး အငေါက်မခံချင်ပေ။ လူကဖြင့် နွေဦး ထက်ပင်ငယ်မည်ထင်ရသည်ကို စကားပြောပုံက ပုံမကျသဖြင့် နွေဦး မနှစ်သက်လှပေ။ ဒါပေမဲ့လည်း ေရှည်ဆက်ဆံရမည်မို​့ နွေဦး ကိုယ့်ကိုယ်ကိုသာ စိတ်ရှည်ဖို့ တိုက်တွန်းထားရသည်လေ။

နွေဦး မနက်စာစားပြီးလောက်မှ မမမြ နိုးလာသည်။ အိပ်ရေးဝလို.ထင်ပါရဲ့ မျက်နှာလေးက ဖောင်းနေလျက်. .

" နွေ... မမ ကို ဘာလို့ မနှိုးလိုက်တာလဲ. ကလေးက အလုပ်လည်းသွားရမှာကို ကျန်တာ မမပြင်ဆင်ပေးမှာပေါ့.. ''

" နွေ.. မမ ကိုမနှိုးပဲ ဆက်အိပ်စေချင်လို့ ခုတော့ အိပ်ရေးဝလို့ ပါးတွေတောင်ဖောင်းနေပြီ. ဟ ဟ "

ပြောရင်း နွေဦး မမမြပါးကို နမ်းရင်း အလုပ်သွားဖို့ပြင်တော့သည်။

" အမလေး ဒီကလေးနှယ်.. ကားဂရုတစိုက်မောင်းနော် နွေလေး... "

" အပြန် မမ နွေအကြိုက် ပဲနှပ်ဟင်းနဲ့ ကြက်ကုလားချက် ချက်ထားမယ် ''

" ဟုတ်ကဲ့... မမ ရေ... အိမ်တံခါးသေချာ ပိတ်နော် ညီမလေး သွားပြီ ".

############

နွေ နာရီ ကြည့်တော့ ၈နာရီ..
စိတ်ထဲတွင်တော့ ဟင်းးဟင်းးး ငါ အလုပ်အစောကြီးဆင်းတာတောင် ဘာပြောအုံးမလဲ ကြည့်အုံးမယ်.

နွေဦး Lift က ထွက်ထွက်ချင်း သူမ ရုံးခန်းဘက်ကိုကြည့်တော့ မိုးပိတောက်ဆိုတဲ့ ငတိမလေးက ရောက်နှင့်နေပြီးသားမို့ အံ့သြမိသည်။
ရုံးခန်းကနေ ဖုန်းဆက်ပြီးခေါ်တာမို့ နွေဦး CEO ရုံးခန်းဆီသွားတော့

" ကျွန်မ မနက်စာမစားရသေးဘူး အဲ့ဒါ သွားစားမယ်.လိုက်ခဲ့ ''
" sorry ပါပဲ CEO ကျွန်မငြင်းပါရစေ. ကျွန်မစားလာခဲ့ပြီးပြီ. "
" မင်းကို ဘယ်သူက စားဖို့ခေါ်နေလို့လဲ.. ကျွန်မ မနေ့ညက အိမ်မပြန်ပဲ တစ်နေကုန်အလုပ်မှာမို့ အခုကားမောင်းဖို့ အဆင်မပြေဘူး.. အဲ့တော့ ကျွန်မ Driver လိုတယ်. ရှင့်ကို ကားမောင်းပေးဖို့ ခေါ်တာ "

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now