💛 - 23

636 51 3
                                    

နွေဦး POV

" Uhmm...
ကျွန်မက ဆိုးခဲ့တာပဲ.တကယ်တော့  အဲ့ဒီနေ့က နွေ့ကို မနက်စာ သွားစားမလို့ ခေါ်ချင်ခဲ့တာ..ဒါပေမဲ့ သိတဲ့အတိုင်း ပိတောက်က အပြောအဆိုမတတ်တော့ နွေ့ကို အတင်းဆွဲခေါ်ခဲ့လိုက်တာ..

ဒါပေမဲ့ ဒီတစ်ခါတော့အဲ့လိုမဖြစ်စေရဘူး.. ဒါကြောင့် ကျွန်မနွေ့ကို အခု.. မနက်စာ အတူတူ သွားစားကြဖို့ ပြောမလို့... "

ပိတောက်ပြောတော့.. ကျွန်မသတိရလိုက်မိတယ်.. ထိုနေ့က တစ်ရက်ထဲ... ကျွန်မတို့နှစ်ယောက် မှားခဲ့ကြတဲ့ညနဲ့ တစ်ရက်ထဲမို့.... မေ့ထားတဲ့ memory တွေကတစ်စစ ပေါ်လာသည်.. ဒါကြောင့်.. သူမကို ဆက်မကြည့်နိုင်တော့ပဲ ခေါင်းငုံ့ချမိရင်းနေလေတော့...

" ကျွန်မတောင်းပန်ပါတယ် နွေ ~ ကြည့်ရတာ.ကျွန်မနွေ့ကိုပြန်သတိရစေမိပြီထင်တယ်.. ကျွန်မ မမေးခဲ့သင့်ဘူး.. ဒါဆို.ကုမ္ပဏီကိုပဲ တစ်ခါတည်းတန်းသွားရအောင်..နော်.. "

သူမ ပြောရင်း..ကားစက်နိုးမလို့လုပ်တော့.. ကျွန်မ ..သူ့လက်လေးကိုဆွဲယူရင်းတားလိုက်တာမို့.. ကျွန်မဘက်ကိုအံ့သြစွာနဲ့လှည့်ကြည့်လာသည်..

" ကိစ္စမရှိဘူး ပိတောက်... နွေ့ကို မစိုးရိမ်ပါနဲ့.. ရှင် ဗိုက်ဆာနေလောက်ပြီ.. ကုမ္ပဏီမသွားခင် မနက်စာတော့စားရမှာပေါ့ ..သွားကြစို့.. "

ကျွန်မသူမကို နှုတ်ခမ်းလေးကွေးညွှတ်ရုံလေးပြုံးပြရင်း ဆိုတော့..

" ကျွန်မ.နွေ့ ကိုမစိုးရိမ်ပဲမနေနိုင်ဘူး.. "

သူမ ရုတ်တရပ်ဆိုလာတဲ့စကားကြောင့်.. ကျွန်မနှလုံးသားခဏတာရပ်တန့်သွားသလို.. သူမမျက်ဝန်းတွေကို ကျွန်မစိုက်ကြည့်နေမိသည်.

" နွေဦး...ကျွန်မက. ရှင့်ကို နာကျင်စေမိနေတာလားဆိုတဲ့ အတွေးကိုမစဥ်းစားမိပဲ မနေနိုင်ဘူး..
ပြီးတော့.. ကျွန်မကိုယ်တိုင် မသိလိုက်ပဲ..ရှင့်အပေါ် နာကျင်စေမိမှာ သိပ်စိုးတယ် နွေ...

ကျွန်မကိုမြင်နေရတာက ရှင့်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်နေခဲ့ရင် ကျွန်မကိုပြော..နွေ.. နွေစိတ်ချမ်းသာစေဖို့ နွေ့အတွက်ဆို ဘာမဆို ကျွန်မလုပ်ပေးဖို့အသင့်ပဲ.. "

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now