💛 - 16

681 66 2
                                    

မနက်ခင်း..

Daisy Perfume Company...

နွေဦး POV

မနေ့ညက .. ကျွန်မ ကိုတေဇရဲ့အနမ်းကိုခံယူပြီးတဲ့နောက် ကျွန်မကိုယ်ကျွန်မသေချာသွားခဲ့တယ်.. ကျွန်မ ကိုတေဇကိုနမ်းနေတဲ့အချိန်မှာတောင် ကျွန်မ သူမမျက်နှာကိုမြင်ယောင်နေမိတာမို့လေ.. ကိုတေဇလည်း သူကျွန်မကို ချစ်နေတာကြာပြီဖြစ်ကြောင်း.. သူ နွေ့ကို ဘယ်လောက်ပဲစောင့်ရစောင့်ရပါတဲ့.. ဒါပေမဲ့ နွေသူ့ကိုဘာမှထပ်မပြောမိခဲ့ပါ..

ကိုတေဇသာ.. စောပြီး ကျွန်မကို ဖွင့်ပြောခဲ့ရင် ကောင်းမှာပဲလို့တွေးမိတယ်. သူမကို မတွေ့ခင်အချိန်ဖွင့်ပြောလိုက်လို့ ကျွန်မနဲ့ကိုတေဇ ချစ်သူတွေဖြစ်နေခဲ့ရင်တောင်... ကျွန်မ.မိုးပိတောက်ဆိုတဲ့ ကောင်မလေးကို မချစ်မိပဲနေပါ့မလားလို့လည်း ကိုယ့်ကိုယ်ကို သံသယဝင်မိပါရဲ့..

" ဟူး...... "

နွေဦး အတွေးတွေနဲ့... Lift ထဲ ဝင်ရင်း တံခါးပိတ်မလို့လုပ်နေတုန်း လူတစ်ယောက်အလျင်စလိုဝင်လာတာကြောင့် မပိတ်ပဲနေလိုက်သည်..

ထိုသူကလည်း နွေဦး သွားမယ့် အထပ်ကိုပဲ နှိပ်လိုက်တာကြောင့် ခေါင်းကိုမော့ကြည့်မိတော့.. 

မိုးပိတောက်..

နွေဦး သူမမျက်နှာလေးကိုမြင်ရတော့..  ဘယ်ဘက်ရင်အုံက နှလုံးသားက အထိန်းချုပ်မဲ့ ခုန်လာတော့တယ်.. နွေ..  သူမကို မျက်နှာချင်းမဆိုင်မိအောင်နေရင်း.. တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မဆိုမိကြ...

ထိုအချိန်မှာပဲ.Lift က ရုံးတတ်ရုံးဆင်း လူတွေနဲ့ ပြည့်ကြပ်လာတော့.. အရင်တစ်ခါကလိုပဲ မိုးပိတောက် က နွေဦး ရဲ့အရှေ့မှာ... သူမ မျက်နှာက နွေ့နဲ့ မလှမ်းမကမ်းအနီးစပ်ဆုံးနားလေး.. နွေ.. ကိုယ့်မျက်နှာကို ကိုယ် တစ်ခြားဘက်လှည့်ထားရင်း.. စိတ်လှုပ်ရှားနေမှုကို အတတ်နိုင်ဆုံး ချုပ်တည်းထားရသည်..

ခဏအကြာ.. နွေ..သူမလည်ပင်းအနား အသက်ရူသံကိုခံစားနေမိတော့ မိုးပိတောက်... သူမဒီလောက်အထိတိုးကပ်နေလိမ့်မယ်လို့ နွေ မထင်ထားခဲ့..

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now