" ကျွတ်စ်... သူဘာလို့ ဒီလိုစကားတွေပြောပြီး ငါ့ကိုအနေရခက်အောင်လုပ်နေရတာလဲ.. "
နွေဦး ခေါင်းကိုခါထုတ်လျက် စောစောက ကိစ္စကို ပြန်မစဥ်းစားမိဖို့ကြိုးစားသည်....
နွေ.. မိုးပိတောက်ရဲ့ကွန်ဒိုကနေ အပြေးထွက်လာခဲ့ပြီး အိမ်ကိုပြန်ဖို့လမ်းအတိုင်းလျှောက်လာခဲ့တော့ ညနေ ၆နာရီကျော်နေပြီ..
" ငါဘယ်တော့မှ ဒီကိုထပ်မလာမိစေရဘူး..ပြီးတော့
မိုးပိတောက် ကျွန်မရှင်နဲ့ လုံးဝထပ်မပတ်သက် ေစရဘူး.. ဘာလို့ ငါ့ကျမှ ဒီလို ကိစ္စမျိုးဖြစ်ရတာလဲ.. ငါသာသူ့ကိုမသနားမိပဲ မူးလည်းမူးပါစေ ဆိုပြီး ဒီအတိုင်းပစ်ထားခဲ့ရင် ဒီလိုဘာမှဖြစ်လာမှာမဟုတ်ဘူး... ငါ့ကိုက ရူးတာပါ.. ဟုတ်တယ် မိနွေ နင်ကိုက ရူးလွန်းတာပါ.. "ပြောရင်း နွေဦး ငိုနေမိပြန်.. ထိုအချိန်မှာပဲ..
" နွေက မရူးပါဘူး... ရူးတယ်လို့မပြောပါနဲ့ "
အာ... ဘာလို့ သူပဲလဲ.. ငါအေးဆေးနေပါရစေတော့ မိုးပိတောက်..
နွေဦး အသံကြားလို့ နောက်လှည့်ကြည့်တော့ မိုးပိတောက် ကိုတွေ့ရသည်..
" နွေ့ကို ပိတောက်လိုက်ပို့ပေးမယ် လို့ ပြောထားတယ်လေ.. ကားပေါ်တတ်ပါနွေ.. "
"မလိုဘူး.. ကျွန်မဘာ့နေပြန်မယ် "
" နွေရယ်.. အခုက မှောင်လာနေပြီ.. နွေ့ကို တစ်ယောက်ထဲ မလွှတ်လိုက်ချင်ဘူး .. ဒီတစ်ခုပြီးရင်. ပိတောက် နွေဦး ပြောသလိုနေပါ့မယ် မခေါ်နဲ့ဆို လည်းမခေါ်ဘူး.. မမြင်ချင်ယောင်ဆောင်ပေးပါ ဆိုလည်း နေပါ့မယ် နွေရယ်.. နော်.. "
ပြောပြီးသည့်နှင့် နွေ့လက်ကို ဆွဲပြီး ကားရှိရာသို့ခေါ်သွားကာ ဝင်ထိုင်စေသည်.. နွေ သူမကိုဘာတစ်ခုမှ ထပ်မပြော.. တခြားဘက်ကိုမျက်နှာလွဲ ပြီး လမ်းတစ်လျှောက် တစ်ယောက်နဲ့တစ်ယောက် ဘာတစ်ခွန်းမှ မဆိုပဲနေခဲ့ကြတော့သည်...
နွေ.. အိမ်ရှေ့ရောက်တော့.. မမကို မတွေ့.. မမသူငယ်ချင်းဆီသွားမည်ဟု နွေ့ကို စာပို့ထားတာကြောင့် ပြန်မရောက်သေးတာဖြစ်မည်..
YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
عاطفيةTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...