💔 - 6

887 72 4
                                    

နွေဦး အလုပ်ချိန်မြန်မြန်ပြီးဖို့ကိုသာစောင့်နေမိသည်။
ဒီနေ့ဖြစ်ပျက်သမျှ ကိစ္စက နွေဦးကိုအရှက်ရစေသည့် ကိစ္စကြီးပဲမို့ နွေဦး အိမ်ကိုသာပြန်ချင်နေတော့သည်။

တီတီ တီတီ တီတီ...

ညနေ ၆နာရီ ထိုးပြီးမို့ နွေဦး ကပျာကယာ ပစ္စည်းတွေထည့်ပြီး ပြန်ဖို့ပြင်တော့သည်။
နွေဦး Lift ကိုစောင့်နေတုန်း မိုးပိတောက် ရုံးခန်းကထွက်လာ​နေ သည်ကို တွေ့တာကြောင့်မဆုံအောင် ခလုတ်ကိုခပ်မြန့်မန်နှိပ်ပစ်သော်လည်း ဒင်းက ရအောင်ကို ဝင်လာခဲ့သေးသည်။

Lift ထဲ တစ်ယောက်နဲ့တစ်ယောက် ဘာစကားတစ်ခွန်းမှမဆိုဖြင့်..
နွေဦးတို့ ရုံးခန်းက ၆လွှာထိပ်ဆုံးမှာမို့ ေအာက်ဆင်းတဲ့အခါ တစ်ခြားအလွှာက ရုံးဆင်းကြတဲ့သူတွေပါ တတ်ကြတာမို့ တဖြည်းဖြည်း လူက များလာလေသည်။
lift တံခါး တစ်ခါပွင့်လူတစ်ခါထပ်ဝင်နှင့် နွေဦးနှင့်မိုးပိတောက်အတွက်နေရာပင် မရှိသလောက်.
ထိုအချိန်မှာပဲ မိုးပိတောက်က ရုတ်တရပ် နွေဦး ဘက်ကိုလှည့်လာသည်မို့ အရမ်းကိုနီးကပ်နေသည့်အနေအထား..

နွေဦး သူမ မျက်နှာကို တခြားဘက်ကိုလှည့်ရင်း အသက်ကိုမနည်းရူနေရသည်။ စိတ်ထဲတွင်လည်း တိုးလာသောလူတွေကို မကျေနပ်နေတာထက် သူမအရှေ့က မိုးပိတောက်ကို ပိုစိတ်ဆိုးနေမိသည်။

တဖြည်းဖြည်းလူကပိုတိုးလာသည်မို့..နေရာရအောင် ​​ရွေ့ရင်းနဲ့မှ ရုတ်တရပ် မိုးပိတောက်ရဲ့ နှုတ်ခမ်းဖျားက နွေဦး ရဲ့ ပါးပေါ်ကပ်လျက်သားဖြစ်သွားတော့သည်။ မိုးပိတောက်က မသိချင်ယောင်ဆောင်လျက်သား နေမြဲနေနေ လေတော့

နွေဦး ဒေါသထောင်းခနဲ ထွက်သွားရင်း.. မိုးပိတောက် ကို ပြန်မော့အကြည့် မိုးပိတောက်ကလည်းငုံ့ကြည့်နေချိန်မို့..
နွေဦးရဲ့နှုတ်ခမ်းသားက မိုးပိတောက်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးကို နမ်းမိသွားလေတော့သည်။

Holy crap!!
မိနွေ... နင်အခုဘာလုပ်မိလိုက်တာလဲ..ရှက်စရာကောင်းလိုက်တာ.. ငါတော့ ဒီအမျိုးသမီးကိုမှဘာလုပ်မိလိုက်တာလဲ..

တီတောင်....
Lift တံခါးလည်းပွင့်ရော.. လူတွေတစ်ယောက်ပြီးတသ်ယောက်ထွက်သွားကြသည်။ နွေဦး နဲ့ မိုးပိတောက်နှစ်ယောက်သား သာ ကျန်ခဲ့ပြန်သည်။

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now