နွေဦး POV
Inside the Company Elevator
" ဒီမယ်..ရှင် ကျွန်မဘက်ကိုကျောခိုင်းလို့ရသားနဲ့ ဘာလို့ အမြဲ ဒီလိုလုပ်နေတာလဲ "
ကျွန်မပြောရင်း..ကြည့်.. နောက်ထပ်တစ်ခါ ဒီ Lift ထဲ same position again...
" သိသားပဲ.. ဒါပေမဲ့ ဒီလိုအခွင့်အရေးမျိုးဆိုတာ လက်လွှတ်ခံလို့မဖြစ်ဘူးလေ..ဟင်းဟင်း.. "
သူမ စကားကြောင့် မျက်လုံးအပြူးသားဖြစ်သွားရတဲ့ ကျွန်မကို မျက်ခုံးလေးပင့်တင်ပြီး မချိုမချဥ်မျက်နှာနဲ့ပြုံးကြည့်နေတဲ့ ဒီကောင်မလေး.. တစ်ချိန်ကုန်ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေခဲ့တာပေါ့..
" ရှင်..နောက်တစ်ခါထပ်ပြီးကျွန်မကို မကောင်းကြံဖို့ စဥ်းစားရင်..ကျွန်မရှင့်ကိုနောက်ထပ် မခေါ်တော့ဘူး "
ကျွန်မသူမကို မျက်စောင်းနဲ့ကြည့်ရင်းပြောလိုက်တော့.." မလုပ်ပါဘူး..
ကျွန်မ. နွေ့ကိုပဲ အနီးကပ်ကြည့်နေချင်လွန်းလို့ပါ.. မင်းသိရဲ့လား.. နွေ. You are one whole of a Masterpiece ... do you know that? "သူမ စကားတွေကို ဒီလိုပဲ အမြဲပြောနေတော့မှာလား နွေ မစဥ်းစားတတ်တော့.. သူမ အဲ့လိုပြောတိုင်းလည်း..နွေ ရင်အမြဲခုန်နေခဲ့ရသည်ချည်းသာ...
နွေတို့..တစ်ထပ်ပြီးတစ်ထပ်ဆင်းလာခဲ့တော့ အထပ်တိုင်းလိုလိုရုံးဆင်းချိန်လူတွေ ဆင့်တိုးဝင်လာခဲ့ကြသည်.. ဒါပေမဲ့..သူမနဲ့နွေ့အကြား..နေရာလေးတစ်ခုက လွတ်နေသေးလျက်...
ဒါကြောင့် ကျွန်မ.. သူမကိုကြည့်မိေတာ့သူမနဲ့ကျွန်မကြားနေရာလွတ်ရှိစေဖို့.. သူမလက်လေးနဲ့ နံရံကိုတွန်းပြီးတောင့်ခံထားတာမို့ ချွေးတွေရွဲနေလျက်သား.. ပိတောက်ကိုတွေ့လိုက်ရသည်..
ကျွန်မ..ဒီကောင်မလေးကိုမချစ်ပဲနေနိုင်တော့မယ်မထင်.. သူမစကားကိုတည်စေဖို့.. ကြိုးစားလုပ်နေပုံကိုတွေ့ရတာနဲ့တင်.. ကျွန်မ နှလုံးသား.. သူမအတွက်အရည်ပျော်နေခဲ့ပြီ...ဒါပေမဲ့ ကျွန်မရုတ်တရပ်အပြစ်ရှိသလိုခံစားရသည်....
ပြန်စဥ်းစားကြည့်ရင် ဒီ မိုးပိတောက် ဆိုတဲ့ကောင်မလေးဟာ မကောင်းတဲ့သူတစ်ယောက်လုံးဝမဟုတ်ဘူးပဲ.. ဒါပေမဲ့..ကျွန်မကရော..

YOU ARE READING
နွေဦး ရဲ့ မိုးပိတောက်
RomanceTwo girls... love story 💛 Guys... My story named " နွေဦး ရဲ့ မိုးပိတောက် " is adapted story from my favorite author@skyaceaus. As first I was thinking about writing my own story but I'm not good at writing or thinking. This story was my first eve...