💛 - 25

729 57 0
                                    

နွေဦး POV

သူမ ကျွန်မကိုနမ်းတယ် !

သူမကျွန်မကို တခြားဝန်ထမ်းတွေအရှေ့မှာ တကယ်ကိုနမ်းခဲ့လိုက်တယ် !

သူမကျွန်မကို နမ်းရှိုက်ပြီးသွားခဲ့သည့်အချိန်ထိ ကျွန်မ ကျောက်ရုပ်ကြီးလိုငြိမ်သက်နေမိ...

" ကျွန်မ နွေ့ကို.. ကျွန်မတို့ရဲ့ဆက်ဆံရေးနဲ့ ပက်သက်ပြီး စိတ်ရှုပ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်နွေ..

ကျွန်မ.. ဒါကို ဘယ်လိုပြောရမလဲကို မသိခဲ့တာ.. ဒါပေမဲ့ နွေက.. ကျွန်မ ဘဝမှာပက်သက်ခဲ့ဖူးတဲ့ တခြား မိန်းကလေးတွေနဲ့ အများကြီးကွာခြားတယ် ဆိုတာ ယုံပေးပါ နွေရယ်..

ပြီးတော့ နွေသိရဲ့လား.. မိုးပိတောက်ဆိုတဲ့ ကျွန်မ ဘဝမှာ တစ်စုံတစ်ယောက်ကို ကျွန်မအနားမှာ အမြဲတမ်းရှိနေစေချင်ခဲ့တာ ဒါက ပထမဆုံးပဲ.. ပြီးတော့ အဲ့ဒီ တစ်စုံတစ်ယောက်ဆိုတာကလည်း..မင်းပဲ နွေဦး... မင်းတစ်ယောက်ထဲပဲ.. "

သူမ စကားတစ်ခွန်းချင်းဆီက ကျွန်မနားထဲမှာ ဝေ့လည်နေလျက်.. သူမ ပြောနေတဲ့တစ်လျှောက်လုံး သူမ မျက်နှာလေးကိုပဲ ကျွန်မကြည့်နေမိသည်..
ခေါင်းထဲမှာလည်း.. အခုဖြစ်နေတာကို သေချာမယုံနိုင်သေးသလို...

" နွေဦး ~ "

သူမ ကျွန်မနာမည်ကိုခေါ်လိုက်လေမှ.. ရုတ်တရပ်အသိဝင်လာပြီး.. သူမလက်ကို ဆွဲယူကာ.. ဝိုင်းကြည့်နေတဲ့ လူတွေဆီမှ .အဝေးဆုံးတစ်​နေရာ ကိုခေါ်ခဲ့မိသည် .
တခြားမဟုတ်.. နွေဦးတို့ လာနေကြ..
Fire exit...
နှစ်ဦးသား အတူရှိနေတော့သည့်အခါမှ..

" ရှင် ခုနက ဘာပြောလိုက်တာလဲ ပြန်ပြောပါအုံး "

ကျွန်မ မျက်မှောင်လေးကြုံ့ပြီးတစ်ခါထပ်မေးမိသည်..

" အစကနေပြန်ပြောရမှာလား.."

" အင်း ~ "

သူမ အမေးကို ကျွန်မပြန်ဖြေလိုက်ရင်း.. ပြုံးချင်နေတဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ထားမိသည်..

" ဒါဆို.. ကျွန်မကို အဲ့ဒီ မေးခွန်းပြန်မေးလေ နွေရဲ့.. "
သူမက တကယ် အတည်ကြီးပြောလာပြန်တော့..

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now