❤ - 19

755 63 0
                                    


မိုးပိတောက် POV

" နင် ဘာလို့မဆုံးဖြတ်နိုင်ရတာလဲ မိုးပိတောက်.. "

ခတ္တာ ရဲ့ ခနဲ့တဲ့ စကားက ပိတောက်ရဲ့ ဒေါသကိုထပ်ပြီးဆင့်တိုးစေတော့တာမို့.. သူမ အံ့ကိုကြိတ်ထားလျက် ခတ္တာ အနားတဖြေးဖြေးသူမခေါင်းလေးကိုတိုးကပ်လိုက်သည်..

ခုချိန် သူမ ခတ္တာကိုနမ်းလိုက်လျင်.. နွေဦးကို မချစ်ပါဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သလို.. မနမ်းခဲ့ပြန်လျင်လည်း.. သူမ နွေဦး ကိုချစ်နေပါတယ်ဟုဆိုမည်. Wtf....

မိုးပိတောက်ရဲ့ နှုတ်ခမ်းသားတွေက ခတ္တာရဲ့ စင်တီမီတာ အကွာလေးနား.. သူမ မျက်လုံးတွေမှိတ်ထားလျက် ခေါင်းကို ခတ္တာ အနားပိုတိုးကပ်သွားရင်း...

" ဟင့်အင်း.. မေခတ္တာ.. ဒီနေ့တော့ ငါနင့်ရဲ့ ကစားပွဲထဲပါဖို့ စိတ်မဝင်စားသေးဘူး..."
ပိတောက်..တိုးညင်းတဲ့လေသံလေးနဲ့ပြောရင်း ခတ္တာရဲ့လည်ပင်းပေါ်ကသူမလက်တွေကိုပြန်ရုပ်သိမ်းလိုက်သည်.

မိုးပိတောက်အပြုအမူကြောင့် ခတ္တာမှာမျက်လုံးအပြူးသားနှင့် သူမကိုကြည့်နေလေတော့.  မိုးပိတောက် သူမရှေ့ကချက်ချင်းလှည့်ထွက်လာပြီး.. နွေဦး ရှေ့သို့တည့်တည့်လျှောက်လာခဲ့တော့သည်..

သူမလျှောက်လာသည်ကိုမြင်တော့ နွေဦး ခမျာရုတ်တရပ်မို့သူမကိုယ်လေး ဆက်ခနဲတုန်သွားသည်.. မိုးပိတောက်ဘာမှထပ်မပြောနေပဲ.. နွေ့လက်ကိုဆွဲရင်း ရုံးခန်းထဲက ထွက်လာခဲ့သည်..

ခတ္တာ ဘယ်လိုပဲခံစားရခံစားရ..ကျွန်မဂရုမစိုက်နိုင်တော့ဘူး.. တစ်ခုက ကျွန်မရှေ့က ဒီကောင်မလေး ကျွန်မကြောင့်ခံစားရတာကို ထပ်ပြီးမလိုချင်တော့တာပဲ. ကျွန်မဒီလိုလုပ်ခဲ့တာကို သူဘယ်လို အဓိပ္ပာယ်သတ်မှတ်ပါစေ.. စောက်ဂရုလည်းမစိုက်နိုင်တော့ ...
အခုလိုလုပ်လိုက်တာက ခတ္တာကိုနာကျင်စေမယ်မှန်းသိပေမယ့် သူကပဲ ဒီလိုလုပ်စေချင်ခဲ့တာမလား.. ကျွန်မ စိတ်ထဲမကောင်းပေမယ့် ကျွန်မ သိပ်ကိုမုန်းတဲ့ စကားလုံးနဲ့ ကျွန်မကို ဆုံးဖြတ်ရခက်စေတာကိုတော့ သိပ်မုန်းတယ်..

မိုးပိတောက် ..နွေဦး ကို လူပြတ်တဲ့နေရာအထိဆွဲခေါ်လာခဲ့သည်.. အရေးပေါ်ထွက်ပေါက်နား..ထိုနားကလူတွေသိပ်မရှိ..

နွေဦး ရဲ့ မိုးပိတောက် Where stories live. Discover now