(1)

3.3K 268 65
                                    




(Unicode)






ဒီလိုစကားရှိတယ်မဟုတ်လား...
ငယ်သူငယ်ချင်းတွေ အရွယ်ရောက်တဲ့အထိ ခင်မင်နေတုန်းပဲဆိုရင် သင့်လောက်ကံကောင်းတဲ့သူ ရှိမှာမဟုတ်ဖူးဆိုတဲ့စကား...

လုံးဝ အဓိပ္ပာယ်မရှိဘူး အဲ့စကားက!!!
အခြားသူတွေအတွက် အတွင်းသိအစင်းသိသူငယ်ချင်းတွေရှိတာက ကံကောင်းတယ်ဆိုရင်တောင် ကျွန်တော့်အတွက်တော့ လက်ပစ်ဗုံးကို ရင်ဝယ်ပိုက်ထားရသလိုပါပဲ...

အခု ကျွန်တော်ပြောပြမယ့်အကြောင်းကလဲ
ကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော် အတွင်းသိအဆင်းသိ သူငယ်ချင်းတွေရဲ့အကြောင်းပဲ...

တိတိကျကျပြောရရင် သူတို့ကြောင့် ဗရမ်းဗဒါဖြစ်ခဲ့ရတဲ့ ကျွန်တော့်ဘဝအကြောင်းပေါ့~~~

~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'~'

၂၀၀၂ခုနှစ်၊ဇွန်လ၊၁၇ရက်
ဆိုးလ်မြို့!ဖို့ဂ်ဖို မူကြိုကျောင်း

‌နှာခေါင်းထဲက တတောက်တောက်ကျဆင်းနေတဲ့ နှာရည်တွေကို အပြင်ကိုထွက်မကျလာအောင် တရှုံ့ရှုံ့လုပ်ပြီး ထိန်းသိမ်းနေရတဲ့ ၆နှစ်အရွယ် Kim Jongin။

မာတာမိခင်ကြီးရဲ့စကားကို နားမထောင်ပဲ ရေခိုးဆော့မိခဲ့တဲ့ အကျိုးရလဒ်ကတော့ အခုလို ရုပ်ပျက်ဆင်းပျက် နှပ်ချေးတွေထွက်ကျနေတာပါပဲ။လူကြီး‌တွေကိုပြောပြလိုက်ရင် အဆူခံရမှာဆိုးလို့ မနက်စာတောင်မစားပဲ ကျောင်းကို ခိုးထွက်လာခဲ့ရတာ...

"Jongin~မင်းစာအုပ်"

မပီကလာပီကလာနဲ့ပြောလာတဲ့ Oh Sehunရဲ့စကားကြောင့် ကျွန်တော် စားပွဲပေါ်ကစာအုပ်ကို ငုံ့ကြည့်လိုက်တယ်။စာတစ်မျက်နှာလုံးက နှာရည်‌အကွက်တွေနဲ့ ရုပ်ပျက်ဆင်းပျက်...

"Baekhyunက အခုထိမလာသေးဘူးလား"

စာအုပ်ပေါ်က အကွက်တွေကိုအမြန်သုတ်ရင်းနဲ့ ကျွန်တော်မေးလိုက်တော့ Sehunဟာ အခုထိလူမစုံသေးတဲ့အတန်းထဲကို ဝေ့ဝဲကြည့်ပြီး ခေါင်းခါပြလာတယ်။ပြီတော့ အသံသေးသေးလေးနဲ့ မေးတယ်။

"သူ့ကိုဘာလုပ်မလို့လဲ"

"လက်ကိုင်ပုဝါငှားမလို့"

Friend Zone's Benefits(Z+U)Where stories live. Discover now