(21)

745 143 18
                                    

(Unicode)









တစ်နေကုန် ကွန်ပြူတာနဲ့မျက်နှာနဲ့မခွာတဲ့Kim Jonginကြောင့် စိတ်ပင်ပန်းရသူမှာ Oh Sehunပင်ဖြစ်သည်။ရည်းစားမဖြစ်ခင်တုန်းကတောင် သူ့အတွက်အချိန်ရှိသေးပေမယ့် ရည်းစားဖြစ်ပြီးနောက်ပိုင်း Jonginက သူ့ကိုအချိန်မပေးနိုင်တော့။

အတိတ်မေ့နေတယ်လို့ ဟန်ဆောင်ထားတာကြောင့်သာမဟုတ်ရင် သူပဲ ကုမ္ပဏီမှာအလုပ်ပြန်ဝင်လုပ်ပြီး Jonginကိုတော့ သူပိုင်တဲ့အိပ်ဆောင်နာရီလေးလိုမျိုး သွားလေရာ ယူသွားချင်တာ...

တစ်ချိန်လုံး အလုပ်ထဲခေါင်းနှစ်နေတဲ့Jonginကို စိတ်ကောက်လိုက်ရမလားလို့တွေးမိပေမယ့် ကျွန်တော့်ကိုစိတ်ပျက်သွားမလားဆိုတဲ့အတွေးကြောင့် ချက်ချင်းဖျက်သိမ်းလိုက်ရတယ်။အနှစ်၂၀ကိုရင်းပြီးမှ ပိုင်ဆိုင်ခွင့်ရလာတဲ့ချစ်ရသူမို့ ကျွန်တော် နည်းနည်းလေးမှ အဆုံးရှုံးမခံနိုင်ပါ။ဆုံးရှုံးရရင်လည်း ရူးဖို့ပဲ ရှိတော့တယ်။

"Jongin....အရမ်းအလုပ်များနေတာလား"

ဘယ်လိုမှမနေနိုင်တော့တာမို့ ကျွန်တော် စကားစလိုက်တော့ Jonginကလှည့်တောင်မကြည့်လာပဲ အင်းဆိုတဲ့အသံနဲ့အတူ ဝတ်ကြေတမ်းကြေ ခေါင်းညိတ်ပြတယ်။ကျွန်တော်နှလုံးသားက သိမ်ငယ်သွားသလိုလို ဝမ်းနည်းသွားသလိုလိုနဲ့ မှုန်မှိုင်းသွားတယ်။

ဒါပေမယ့်လည်း မပြောပလောက်တဲ့ဝမ်းနည်းမှုလေးမို့ ကျွန်တော် ခေါင်းတစ်ချက်ခါလိုက်တာနဲ့ ထိုခံစားချက်က ပျောက်ကွယ်သွားတယ်။

"Jongin ညစာဘာစားမလဲ...ဘာစားချင်လဲ"

"ဘာပဲဖြစ်ဖြစ်"

‌နောက်ထပ် ဝတ်ကြေတမ်းကြေအဖြေကြောင့် ထပ်ပြီးဝင်ရောက်လာပြန်တဲ့ဝမ်းနည်းမှု။ကျွန်တော် စိတ်မပါလက်မပါနဲ့ ကုတင်ပေါ်တင်ထားတဲ့ အပေါ်ဝတ်ကိုယူလိုက်ပြီး Jonginကို လှမ်းကြည့်လိုက်တယ်။

"Jonginကိုယ်ညနေမှပြန်လာမယ် ရလား"

"အင်း"

"ပြန်မလာရင်ရောရလား"

"အင်း"

ရှုံးနေပြီမှန်းသိသည့်တိုင် ကျွန်တော် ကိုယ့်ကိုကိုယ်လက်မခံနိုင်ပဲ နောက်ထပ်တစ်ခါ အထွန့်ထပ်တက်လိုက်တယ်။

Friend Zone's Benefits(Z+U)Where stories live. Discover now