(27)

649 121 22
                                    

(Unicode)









တက်ကြွတယ်လို့ဆိုရမလား ဝရိယရှိတယ်လို့ပဲဆိုရမလား..ဘာပဲပြောပြော Oh Sehunက Kim Jonginရဲ့အိမ်ကို မနက်ခြောက်နာရီကတည်းက ရောက်နေတာတော့ အမှန်ပဲ။

"Sehun ဒီလောက်အစောကြီး ဘာဖြစ်လို့လဲ"

Junmyeon hyungက အိပ်ချင်မူးတူးမျက်ဝန်းတွေကိုလက်နဲ့ပွတ်သပ်ပြီးမေးလာတဲ့အခါ လက်ထဲကပိုက်ဆံထုတ်ကိုမြှောက်ပြလိုက်ပြီး ကျွန်တော် တက်တက်ကြွကြွဖြေလိုက်တယ်။

"Jonginကိုအကြွေးလာဆပ်တာhyung...Jonginရှိတယ်မို့လား"

Junmyeon hyungက အူလည်လည်နဲ့ခေါင်းညိတ်ရင်း ကျွန်တော်အိမ်ထဲဝင်ဖို့အတွက် လမ်းဖယ်ပေးကာ...

"သူ သူ့အခန်းထဲမှာအိပ်‌နေတုန်းပဲ ဝင်သွားလိုက်လေ..ငါတော့ အကြွေးဆပ်ဖို့ဒီလောက်တက်ကြွနေတဲ့လူမျိုးကို ပထမဆုံးမြင်ဖူးတာပဲ"

ကျွန်တော် ခါးသက်စွာပြုံးလိုက်မိတယ်....ဒီအကြွေးငါးသိန်း ပြန်မဆပ်မချင်း Kimမိသားစုရဲ့အငယ်ဆုံးသားလေးက ကျွန်တော့်ကိုစကားလက်ခံပြောမှာ မဟုတ်ဖူးဆိုတာကို တွေးရင်းနဲ့ပေါ့...

အပေါ်ထပ်က Jonginရဲ့အိပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ သူသုံးနေကျရေမွှေးနံ့က ခပ်သင်းသင်းပျံ့လွင့်လာတယ်။မီးရောင်မြင်ရင် မအိပ်တတ်တဲ့ကောင်လေးက အခန်းကိုလုံးဝအမှောင်ချထားသည်ပဲ။

သူ့အသက်ရှုသံမှန်မှန်လေးကို ကြားနိုင်လောက်တဲ့အကွာအ‌ဝေးအထိ ကျွန်တော်တိုးကပ်သွားတဲ့အခါ စောင်ပုံထဲမှာကွေးကွေးလေးအိပ်နေတဲ့ မျက်နှာလေးကို အမှောင်ထဲမှာဝေဝါးစွာမြင်လိုက်ရတယ်။

သနားစရာလေး...တကယ်သနားစရာလေး...
ကျွန်တော့်ကိုဖက်ပြီးအိပ်နေရမယ့်အစား အခုတော့ ပုစွန်‌ထုတ်လိုကွေးကွေးလေး အိပ်နေရတယ်။

"အဲ့ဒါကြောင့် ကိုယ်က မြန်မြန်စိတ်ဆိုးပြေဖို့ပြောတာပေါ့"

အိပ်မောကျနေတဲ့သူ့ဘေးနားမှာ ကျွန်တော်ကပ်ထိုင်လိုက်ရင်း သူ့နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကို သပ်တင်ပေးဖို့ရာ လက်လှမ်းလိုက်သည့်တိုင် ရုတ်ချည်းရပ်တန့်သွားရတယ်။အခုမှ အပြင်ကဝင်လာတာမို့ ကျွန်တော့်လက်တွေက အေးစက်နေသည်မို့လား...

Friend Zone's Benefits(Z+U)Where stories live. Discover now