(Unicode)
"မင်း ဘယ်လောက်တောင် အသားသွားယူလို့ Jonginက မင်းမိဘတွေကို လှမ်းခေါ်ရတဲ့အဆင့်အထိရောက်သွားတာလဲ"
Chanyeolရဲ့အပြစ်တင်စကားက ကျွန်တော့်နားထဲ တိုးမပေါက်။လက်ထဲက ရောင်စုံတုံးကို ရွေ့ကာဆက်ရင်းနဲ့ လျစ်လျူရှုလိုက်တော့ တစ်သျှုးလုံးတစ်လုံးက ကျွန်တော့်မျက်နှာကို လာမှန်တယ်။
"ဘာဖြစ်နေတာလဲ"
"ဘာကိုဘာဖြစ်နေတာလဲလဲ...မင်း လက်ထဲကဟာကို အခုချထားစမ်း!မင်းကို ကူညီဖို့ ငါတို့တွေအကုန် ခေါင်းတွေကို စတေးထားရတာနော်။ဒီကိစ္စJonginသိရင် အရင်လို လက်သီးတစ်ချက်နဲ့ပြီးမှာမဟုတ်ဘူး။ကျေးဇူးပြုပြီး အသိစိတ်ဝင်စမ်းပါ။လုပ်ချင်တာတွေ လျှောက်လုပ်မနေနဲ့"
Chanyeolရဲ့ကြိမ်းမောင်းပြောဆိုသံကြောင့် ကုဗတုံးကိုလည်း စိတ်မဝင်စားတော့တာမို့ စားပွဲပေါ်ပစ်တင်လိုက်တယ်။
"အဲ့ဒါတော့ဟုတ်တယ်Sehun...ငါလည်း Chanyeolပြောတာကို ထောက်ခံတယ်။Jonginကို အဲ့လို အကြမ်းပတမ်းလုပ်လို့မရဘူး။သူ မင်းကို တော်တော်လန့်နေတာသိရဲ့လား...အခုလည်း အလုပ်ကိစ္စကိုအကြောင်းပြပြီး မင်းကိုရှောင်သွားတာသိလား"
Baekhyunကပါ ကော်ဖီဗန်းကို သယ်လာရင်းနဲ့ ဩဝါဒခြွေတဲ့အခါမှာတော့ ကျွန်တော့်မူရင်းပုံစံဖြစ်တဲ့ ဂျွတ်ဆတ်ဆတ်စတိုင်က တဖန်ပေါ်လာရပြီ။
"ငါက Jonginကိုချစ်နေတဲ့သူပါ။မင်းတို့ထပ် သူ့အကြောင်းကို ပိုသိတယ်။မင်းတို့ပြောသလိုမျိုး နုနုယွယွစကားတွေပြောတာတွေ ဖြေးဖြေးလေးချဉ်းကပ်တာတွေ ဂရုစိုက်ပေးတာတွေ အဲ့ဒါတွေအကုန်လုံးက တကယ့်လက်တွေ့မှာ အသုံးမဝင်ဘူး။အဲ့ဒါတွေသာ အသုံးဝင်မယ်ဆိုရင် ၁၀နှစ်ကျော် အနှစ်၂၀နီးပါး ငါ စောင့်နေရပါ့မလား"
ပြောရင်းပြောရင်းနဲ့ တုံးအ လှတဲ့ ကျွန်တော့်ကောင်လေးကို အားမလိုအားမရဖြစ်မိတယ်။တခြားနေရာတွေမှာ အရိပ်အကဲသိမြန်လွန်းတဲ့Jonginက ကျွန်တော့်ခံစားချက်တွေကိုတော့ သံသယဝင်တယ်လို့တောင်မရှိဘူး။သူကပဲ ကျွန်တော့်ကို ယုံကြည်လွန်းတာလား။ကျွန်တော်ကပဲ ခံစားချက်တွေ ထုတ်ပြတဲ့နေရာမှာ လိုအပ်ချက်ရှိနေတာလားတော့ မသဲကွဲဘူး။
KAMU SEDANG MEMBACA
Friend Zone's Benefits(Z+U)