(9)

976 167 38
                                    

(Unicode)


အလောသုံးဆယ်ဖြစ်နေတဲ့ ခြေလှမ်းတွေဟာ မြေကြီးနဲ့မထိတော့ဘူးလားလို့ ထင်ရလောက်တဲ့အထိ အရမ်းကို မြန်ဆန်နေတယ်။အရင်တစ်ခေါက်ကတည်းက ရောက်ဖူးပြီးသားမို့ ဆေးရုံလမ်းတွေကို ကျွန်တော် ကျွမ်းကျင်နေပြီဖြစ်သည်။

လမ်းတစ်လျှောက်က ပြားပန်းခပ်နေတဲ့ လူနာတွေဆရာဝန်တွေကိုရှောင်ရှားရင်း receptionကိုပြေးကာသွားတော့ တာဝန်ကျသူနာပြုမလေးက ကျွန်တော့်ကို မှတ်မိနေဟန် အကြည့်တစ်ချက်ဝင့်တယ်။

"ဆရာမ...Oh...Oh Se...hun"

နဂို အမောမခံနိုင်တဲ့လူမို့ အားကုန်သုံးပြီးပြေးလာမိတာကြောင့် စကားလုံးတွေက ပြတ်တောင်းပြတ်တောင်းဖြစ်ကုန်တယ်။သူနာပြုမလေးက ကျွန်တော့်ကို အသက်ဝအောင်ရှုဖို့ လက်ဟန်နဲ့လုပ်ပြရင်း သူကိုယ်တိုင်လည်း ပါးစပ်ဟပြီး အသက်ရှုပြနေတယ်။

နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားတော့မှ ယောက်ယက်ခတ်နေတဲ့စိတ်ကိုထိန်းချုပ်ပြီး နောက်တစ်ခေါက်ထပ်မေးရတယ်။

"ဆရာမ...Oh Sehun"

"ရှိတယ် ရှိတယ် ပူမနေနဲ့ ရှင့်အနောက်မှာ"

ဆရာမလေးက ပြောလည်းပြောရင်း ကျွန်တော့်အနောက်ကိုလည်း မေးငေါ့ပြတာမို့ ကျွန်တော် ခပ်သွက်သွက်ပဲ အနောက်ကိုလှည့်ကြည့်လိုက်တယ်။လူဆိုးကောင်Sehunဟာ ကျွန်တော့်အနောက်က အနားယူခုံတန်းမှာထိုင်ရင်း မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကိုငေးကြည့်နေတယ်။

သူ့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားမိတော့ သူကလည်း ယောင်တောင်တောင်နဲ့ လက်နှစ်ဖက်ကိုတရိုတသေဆုတ်ကိုင်ကာ မတ်တပ်ရပ်လာတယ်။ကျွန်တော် သူ့နားကိုရောက်ရောက်ချင်း သူ့ပုခုံးကိုကိုင်ကာ သူ့ခန္တာကိုယ်ကို တစ်ပတ်လည်အောင် လှည့်ပစ်လိုက်တယ်။

"ဘယ်နားထိခိုက်သွားသေးလဲ...တစ်နေရာရာကများ  နေလို့ အဆင်မပြေတာမျိုး မရှိဘူးလား...ခေါင်းကရော?ခေါင်းကရောနာနေလား"

အစက သူ့မျက်နှာညိုးနေရာကနေ ကျွန်တော့်ရဲ့စကားတွေကိုကြားတော့ သူက ကျေနပ်သွားဟန်အပြုံးတစ်ခုပြုံးပြီး ခေါင်းကိုခါပြလာတယ်။

Friend Zone's Benefits(Z+U)Where stories live. Discover now